19
Sat, Jan
685 New Articles

နိုင်ရိုဘီ ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

ကင်ညာ နိုင်ငံ စစ်ဘက်ဆိုင်ရာ ၏ ထုတ်ပြန်ကြေညာချက်အရ အစိုးရ တပ်ဖွဲ့ အနေဖြင့် ဇန်နဝါရီ ၁ ရက် တွင် ဆိုမာလီ နိုင်ငံ မြောက်ပိုင်းဒေသ ၌ Al-Shabaab အစွန်းရောက် လက်နက်ကိုင် အဖွဲ့အစည်း နှင့် တိုက်ပွဲ ဖြစ်ပွား ခဲ့ရာ အစွန်းရောက် အဖွဲ့ဝင် ၇ ဦး အား ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ကြောင်း သိရှိရသည်။

ဗာမာကို ၊ ဇန်န၀ါရီ ၂ ရက်(ဆင်ဟွာ)

မာလီနိုင်ငံ အလယ်ပိုင်း ကျေးရွာတစ်ခုကို ဇန်န၀ါရီ ၁ ရက်က လက်နက်ကိုင်များဝင်ရောက် တိုက်ခိုက် ရာ အရပ်သား ၃၇ ဦး သေဆုံးခဲ့ကြောင်း အစိုးရက ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ကိုင်ရို ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

အီဂျစ် နိုင်ငံ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ က အီဂျစ် နိုင်ငံ ရေတပ် သင်္ဘောများ အနေဖြင့် ဇန်နဝါရီ ၁ ရက် တွင် ဆော်ဒီအာရေဗျ နိုင်ငံ သို့ ရောက်ရှိမည် ဖြစ်ပြီး ဆော်ဒီအာရေဗျ ၊ ဂျော်ဒန် ၊ ယီမင် ၊ ဂျီဘူဒီ နှင့် ဆူဒန် စသည့် နိုင်ငံများ နှင့် အတူတကွ ရေကြောင်း ပူးပေါင်း စစ်ရေး လေ့ကျင့်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ထရီပိုလီ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂမှ ကျောထောက်နောက်ခံပြုထားသည့် လစ်ဗျားအစိုးရအနေဖြင့် လစ်ဗျားနိုင်ငံအရှေ့ ဘက်ခြမ်း အားလုံခြုံရေးတာဝန်များ ပူးပေါင်းဆောင်ရွက်ရန် ဒီဇင်ဘာလ ၃၁ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။

အန်ကာရာ ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံ အန်ကာရာမြို့တွင် နှစ်သစ်ကူးကာလအတွင်း အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေသူ နိုင်ငံခြားသား အယောက် ၃၀ ကို  ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၃၀ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ကင်ရှာဆာ ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ)

ကွန်ဂို(ကင်ရှာဆာ)နိုင်ငံ အရှေ့ပိုင်း South-Kivuပြည်နယ်ရှိ ရွေးကောက်ပွဲမဲရုံတစ်ခုတွင် ဒီဇင်ဘာ ၃၀ ရက်က အရပ်သားနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်အကြား ပဋိပက္ခဖြစ်ပွားရာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

ကဘူးလ်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်လွတ်လပ်သောရွေးကောက်ပွဲကော်မရှင် (IEC) သည် နိုင်ငံ၏ လေးကြိမ်မြောက် သမ္မတရွေးကောက်ပွဲအတွက် ကျင်းပမည့် ရက်အသစ်ကို ဇူလိုင် ၂၀ရက် အဖြစ် သတ်မှတ်ခဲ့ကြောင်း IEC တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၃၀ရက်တွင်ပြောကြားခဲ့သည်။

တီဟီရန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Iraj Masjedi က အီရတ်တွင် IS စစ်သွေးကြွများအား နှိမ်နှင်းပြီးနောက် အီရန်စစ်ဘက်ဆိုင်ရာ အကြံပေးအရာရှိအားလုံးသည် အီရတ်နိုင်ငံမှ ထွက်ခွာလာခဲ့ပြီဖြစ်ကြောင်း Tehran Times နေ့စဉ်သတင်းစာက ဒီဇင်ဘာ ၂၉ ရက်တွင်ဖော်ပြခဲ့သည်။

နီယာမေ၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ)

နိုင်ဂျာ-ပြင်သစ် နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၇ ရက် ညပိုင်းနှင့် ၂၈ ရက် နံနက်ပိုင်းတွင် နိုင်ဂျာနိုင်ငံ အနောက်ပိုင်း  တဲလာဘယ်လ်လီ(Tillabéri)ပြည်နယ်၌ ပူးတွဲစစ်ဆင်ရေးများ ကျယ်ကျယ်ပြန့်ပြန်လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်သမား ၁၅ ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း နိုင်ဂျာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ 

ကိုင်ရို၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ ဂီဇာ ပိရမစ်များအနီး မာရီယိုတီရာနယ်မြေတွင် ဒီဇင်ဘာလ ၂၈ ရက်က နိုင်ငံခြားသားခရီးသွားဧည့်သည်များအား တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးအား လက်လုပ်ဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီး ဗီယက်နမ်နိုင်ငံသား ခရီးသွား ၂ ဦးသေဆုံးခဲ့ကြောင်း အီဂျစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။