24
Sun, Mar
707 New Articles

အဘူဂျာ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း မိုင်ဒူဂူရီမြို့တွင် သမ္မတရွေးကောက်ပွဲနှင့်  လွှတ်တော် ရွေးကောက်ပွဲများ မစတင်မီ ဖေဖော်ဝါရီလ ၂၃ ရက် နံနက်အစောပိုင်းက ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း ဒေသခံမီဒီယာများက သတင်းဖော်ပြခဲ့သည်။

အန်ကာရာ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံမှ အမေရိကန် တပ်များရုပ်သိမ်းရေးနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တူရကီနိုင်ငံ သမ္မတ ရီဆက် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) တို့သည် ဖေဖော်ဝါရီ ၂၁ရက် နှောင်းပိုင်းက ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြောင်း တူရကီနိုင်ငံပိုင် Anadolu သတင်းအေဂျင်စီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မာပူတို၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

မိုဇမ်ဘစ်နိုင်ငံတစ်ဝန်း သဘာဝဘေးအန္တရာယ်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ဆန် တန်ချိန် ၅,၇၀၀ ထောက်ပံ့ရန် တရုတ်နိုင်ငံက ကတိပြုထားသော သဘောတူညီချက်အား မိုဇမ်ဘစ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ခါတွန် ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ)

ဆူဒန် နိုင်ငံ နှင့် တရုတ် နိုင်ငံ တို့ အကြား သံတမန် ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၆၀ ပြည့် အထိမ်းအမှတ် အခမ်းအနားအား ဖေဖော်ဝါရီ ၂၁ ရက်တွင် ဆူဒန် နိုင်ငံ မြို့ တော် ခါတွန် ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒမတ်စကပ်စ်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း တွင် ကာ့ဒ်တိုက်ခိုက်ရေးသမားများ ထိန်းချုပ်ထားသော မြို့တစ်မြို့၌ ဖေဖော်ဝါရီ ၂၁ ရက်က ကားဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၀ဦးသေဆုံးခဲ့ကြောင်း စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့တစ်ခုကပြောကြားခဲ့သည်။

မပ်စ်ကတ်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

အိုမန်နိုင်ငံတွင် မတ် ၂ရက်ထိ ကျင်းပမည့် (၂၄)ကြိမ်မြောက်  မပ်စ်ကတ် နိုင်ငံတကာ စာအုပ်အရောင်းပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းတွင် ပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်း ၃၀နိုင်ငံမှ ပုံနှိပ်ထုတ်ဝေသူ ၈၈၂ ဦး တက်ရောက်ခဲ့ကြောင်း၊ အဆိုပါ ပြပွဲကို တရုတ်နိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ကြိုဆိုကြောင်း သိရသည်။

တူနီ ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

တရုတ် ဆေးဘက် ဆိုင်ရာ အဖွဲ့ အား တူနီးရှား နိုင်ငံသို့ စေလွှတ်ရန် တူနီးရှား နိုင်ငံ နှင့် တရုတ် နိုင်ငံ တို့ သည် ပူးပေါင်း ဆောင်ရွက်မှု စာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း တူနီရှား နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကြေညာချက် အရ သိရသည်။

ထရိုပိုလီ ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ မြို့ တော် ကိုင်ရို၌ ဖေဖော်ဝါရီ ၁၈ ရက်က ဗုံးကွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကာ လူ ၃ ဦး သေဆုံးပြီး အခြား လူပေါင်းများစွာ ဒဏ်ရာ ရရှိစေခဲ့သော ဗုံးခွဲ တိုက်ခိုက်မှု အပေါ် လစ်ဗျား နိုင်ငံခြားရေး ၀န်ကြီးဌာနက ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြစ်တင် ရှုတ်ချ ခဲ့ကြောင်း သိရသည်။

ရီဟာ့ဒ်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ရေနံဈေးကွက်များ တည်ငြိမ်မှုရှိစေရန်  ပူးပေါင်းဆောင်ရွက်မည်ဟု ရုရှားသမ္မတ Vladimir Putinနှင့် ဆော်ဒီဘုရင် Salman bin Abdulaziz Al Saudတို့သည် ဖေဖော်ဝါရီ  ၁၉ ရက်က ဆွေးနွေးခဲ့ကြောင်း ဆော်ဒီသတင်းအေဂျင်စီများက ဖော်ပြသော သတင်းများအရ သိရသည်။

ကူဝိတ် ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ဘော့စနီးယား နှင့် ဟာဇီဂိုးဗီးနားနိုင်ငံ တွင် လမ်းဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၃၉.၄၄ သန်း (ကူဝိတ်ငွေ ၁၁.၆ သန်း)  ကို ချေးရန်သဘောတူညီချက်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။