24
Sat, Aug
524 New Articles

အဘူဂျာ ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယား နိုင်ငံ မြို့တော် အဘူဂျာ တွင် ဇူလိုင်လ ၂ ရက် ညပိုင်းအချိန် ၌ ရဲ တပ်ဖွဲ့ အား ဦးတည်၍ တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွား ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၇ ဦး သေဆုံး ခဲ့ရကြောင်း သိရှိရသည်။

ရီယတ် ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျ နိုင်ငံ အမျိုးသမီး တစ်ဦး ပိုင်ဆိုင်သည့် ကား တစ်စီး သည် ယခု ရက်ပိုင်း အတွင်း မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း ဆော်ဒီအာရေဗျ နိုင်ငံ Makkah ပြည်နယ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က ဇူလိုင်လ ၃ ရက်နေ့၌ ပြောကြားခဲ့သည်။

ဒမတ်စကပ်စ် ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လာရန်နှင့် ပြန်လာသည့်အရပ်သားပြည်သူများ၏ လုံခြုံရေး နှင့်လူနေမှုလိုအပ်ချက်များကို အာမခံကြောင်း ဆီးရီးယားအစိုးရက ဇူလိုင်လ ၃ ရက်တွင် မီဒီယာများမှ တစ်ဆင့် နှိုးဆော်ခဲ့သည်။

နိုင်ရိုဘီ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီ အရှေ့တောင်ဘက်ရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ဇူလိုင်လ ၄ ရက် အစောပိုင်းက ဘတ်စ်ကားနှင့် ထရပ်ကား တိုက်မှုဖြစ်ပွားခဲ့ပြီး လူ ၉ ဦးသေဆုံးပြီး အနည်းဆုံး ၂၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ (Xinhua)

ကူဝိတ်စီးတီး ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ဇူလိုင်လ ၃ ရက် ၌ နိုင်ငံ အနောက်မြောက်ပိုင်း Saada ပြည်နယ် တွင် မင်္ဂလာ ပွဲ တစ်ခုကျင်းပ နေစဉ် ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွှန့်ပေါင်း တပ်ဖွဲ့ ၏ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ခံရသဖြင့် အနည်းဆုံး လူပေါင်း ၁၁ ဦး သေဆုံး ခဲ့ကြောင်း ယီမင် နိုင်ငံ လုံခြုံရေး ဌာန အရာရှိ တစ်ဦး က ပြောကြား ခဲ့သည်။

နော့ချော့တ် ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

မာလီ နိုင်ငံ မြောက်ပိုင်း Gao ဒေသ တွင် ဇူလိုင်လ ၁ ရက်နေ့ ၌ ပြင်သစ် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ ကို ဦးတည် သည့် အကြမ်းဖက် တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွား ခဲ့ပြီး လူအများ သေဆုံးဒဏ်ရာရရှိမှု ဖြစ်ပွား ခဲ့ကြောင်း မာလီ နိုင်ငံ အစိုးရ က ထုတ်ပြန်ကြေညာ ခဲ့သည်။

အာပစ်ဂျန်(Abidjan) ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

နိုင်ဂျာ နိုင်ငံ အရှေ့တောင်ပိုင်း Diffa ပြည်နယ် ရှိ စစ်ဘက်ဆိုင်ရာ တပ်စခန်း နှစ်ခု ကို ဇွန်လ ၃၀ ရက် ညပိုင်း အချိန်တွင် Boko Haram အစွန်းရောက် လက်နက်ကိုင် အဖွဲ့အစည်း က တိုက်ခိုက်မှု ပြုခဲ့ကြရာ ခံခဲ့ရပြီး အစိုးရ တပ်ဖွဲ့ဝင် အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကာ ၄ ဦး ပျောက်ဆုံးနေကြောင်း ဇူလိုင်လ ၂ ရက် ၌ နိုင်ဂျာ နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန် ကြေညာ ခဲ့သည်။

ရာဘတ် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

မော်ရိုကို ဗဟိုတရားစီရင်ရေးနှင့်စုံစမ်းစစ်ဆေးရေးဌာနက ဇူလိုင် ၂ ရက်တွင်  IS အစွန်းရောက်အဖွဲ့ နှင့် အဆက်အသွယ်ရှိသူ ၄ ဦးအား ဖမ်းဆီးခဲ့ကြောင်း မော်ရိုကိုနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ယင်း နေ့တွင် သတင်းထုတ်ပြန်ထားကြောင်းသိရသည်။ 

အာရူရှာ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

တန်ဇန်းနီးယားနိုင်ငံ အနောက်တောင်ပိုင်း Mbeya ဒေသ တွင် ဇူလိုင် ၁ ရက် က ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ အယောက် ၂၀ သေဆုံးပြီး ၄၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

နိုင်ရိုဘီ ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

လက်နက်ကိုင်ဆန့်ကျင်ရေးသမားများက  ဇွန်လ ၃၀ ရက်တွင် Upper Nileပြည်နယ်ရှိ မွေးမြူရေးခြံ တစ်ခုကို ၀င်ရောက်စီးနင်းခဲ့ရာ အရပ်သား ၁၆ ဦးသေဆုံးပြီး ၂၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း တောင်ဆူဒန် အစိုးရ စစ်ဘက် ပြောရေးဆိုခွင်ရှိသူက ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။