20
Tue, Aug
533 New Articles

ဒမတ်စကပ်စ် ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့ က ဇွန်လ ၁၁ ရက် နှင့် ၁၂ ရက် နှစ်ရက်ဆက်တိုက် ဆီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်း Al-Hasakah ပြည်နယ် အား လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ရာ အရပ်သား ၃၀ ဦး ထပ်မံ သေဆုံး ခဲ့ရကြောင်း သိရှိရသည်။

တီဟီရန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

အီရန်မြို့တော် တီဟီရန်တွင် ဇွန်လ ၁၁ ရက်နေ့ညပိုင်းမှ ၁၂ ရက်နေ့နံနက်ပိုင်းအတွင်း မိုးကြိုးပစ်ခတ်မှုနှင့်လေပြင်းတိုက်ခတ်မှုများကြောင့် ယခုလက်ရှိ ဒဏ်ရာရသူ အနည်းဆုံး ၁၈ ဦး ရှိကြောင်း သိရသည်။

တီဟီရန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံအနေဖြင့် အကြမ်းဖက်အဖွဲ့ များအား ဘဏ္ဍာရေးအရ ထောက်ပံ့ကူညီနေကြောင်း စွပ်စွဲထားသည့် စက်မှုထိပ်သီးနိုင်ငံများအဖွဲ့ (G7)၏ မကြာသေးခင်က ထုတ်ပြန်ခဲ့သော ကြေညာချက်ကို အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇွန်လ ၁၁ ရက်တွင် ပယ်ချလိုက်သည်။ 

ဘဂ္ဂဒက် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

အီရတ်အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဆန္ဒမဲသေတ္တာများထားရှိသည့် ဂိုဒေါင်မီးလောင်မှု ဖြစ်ပွားအောင်လုပ်ဆောင်သည်ဟု သံသယရှိသူ ၄ ဦးအား အီရတ် ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ကြောင်း အီရတ်တရားစီရင်ရေးဌာနက ဇွန်လ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ 

ကူဝိတ်စီးတီး ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ယီမင် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က ပြီးခဲ့သည့် တစ်ပတ်တာ ကာလ အတွင်း ယီမင် နိုင်ငံ အစိုးရ တပ်ဖွဲ့ အနေဖြင့် Al Hudaydah ပြည်နယ် အတွင်း အနည်းဆုံး ဟူသီ လက်နက်ကိုင် အဖွဲ့အစည်း အဖွဲ့ဝင် ၂၅၀ ကို ပစ်ခတ်ရှင်လင်း ခဲ့ကြောင်း ဇွန်လ ၁၁ ရက်နေ့ ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ဆာနား၊ ဇွန် ၁၁ ရက်(ဆင်ဟွာ)

ယီမင်နိုင်ငံအနောက်ပိုင်း Al Hudaydahပြည်နယ် နေရာအနှံ့တွင် အစိုးရတပ်နှင့် ဟူသီလက်နက်ကိုင် တို့အကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားသောကြောင့် လူ ၄၀ သေဆုံးပြီး ဒဏ်ရာရသူ ဒါဇင်နှင့်ချီရှိ ကြောင်း ယီမင်ဒေသခံ ကျန်းမာရေးအရာရှိတစ်ဦးက ဇွန်လ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

တီဟီရန် ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ အနေဖြင့် အမေရိကန် လေယာဉ်တည်ဆောက်ရေး ကုမ္ပဏီ တစ်ခု ဖြစ်သည့် ဘိုးအင်း ကုမ္ပဏီ မှ အီရန် နိုင်ငံ နှင့် ချုပ်ဆိုထားသည့် လေယာဉ်ဝယ်ယူမှု ဆိုင်ရာ သဘောတူညီချက် စာချုပ် အား ဖျက်သိမ်းခြင်း အပေါ် နိုင်ငံတကာ တရားစီရင်မှု ပြုလုပ်ပေးရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း သတင်း ဖော်ပြချက် အရ သိရှိရသည်။

ဂါဇာ ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ပါလက်စတိုင်း များ နှင့် အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ တို့က ဇွန်လ ၈ ရက်နေ့ ၌ ဂါဇာ ဒေသ တွင် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သောကြောင့် ပါလက်စတိုင်း အနည်းဆုံး ၄ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။

နိုင်ရိုဘီ ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

ကင်ညာ နိုင်ငံ " Fly SAX " လေကြောင်း ကုမ္ပဏီ ပိုင် လေယာဉ် တစ်စင်း သည် ဇွန်လ ၅ ရက်နေ့ ၌ မြေပြင် နှင့် ဆက်သွယ်မှု ပြတ်တောက် သွား ခဲ့ပြီး လက်ရှိချိန်တွင် လေယာဉ် မှာ ပျက်ကျ ခဲ့ခြင်း ဖြစ်ကြောင်း နှင့် လေယာဉ် ပေါ်လိုက်ပါခဲ့သည့် လူ ၁၀ ဦး အားလုံး သေဆုံး ခဲ့ကြောင်း ကင်ညာ နိုင်ငံ အစိုးရ အရာရှိ တစ်ဦး က ဇွန်လ ၇ ရက်နေ့ ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

အာဖဂန်နစ္စတန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Khost ပြည်နယ်ရှိ ဗလီတစ်ခု တွင် ဝတ်ပြုသူများအား သေနတ်သမားများက ပစ်ခတ်ခဲ့သောကြောင့် အရပ်သား ၄ဦး သေဆုံးခဲ့ပြီး အခြားလူ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက ဇွန် ၇ ရက်တွင်ပြောကြားခဲ့သည်။