22
Thu, Aug
523 New Articles

ကူဝိတ်စီးတီး ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ယီမင် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က ပြီးခဲ့သည့် တစ်ပတ်တာ ကာလ အတွင်း ယီမင် နိုင်ငံ အစိုးရ တပ်ဖွဲ့ အနေဖြင့် Al Hudaydah ပြည်နယ် အတွင်း အနည်းဆုံး ဟူသီ လက်နက်ကိုင် အဖွဲ့အစည်း အဖွဲ့ဝင် ၂၅၀ ကို ပစ်ခတ်ရှင်လင်း ခဲ့ကြောင်း ဇွန်လ ၁၁ ရက်နေ့ ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ဆာနား၊ ဇွန် ၁၁ ရက်(ဆင်ဟွာ)

ယီမင်နိုင်ငံအနောက်ပိုင်း Al Hudaydahပြည်နယ် နေရာအနှံ့တွင် အစိုးရတပ်နှင့် ဟူသီလက်နက်ကိုင် တို့အကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားသောကြောင့် လူ ၄၀ သေဆုံးပြီး ဒဏ်ရာရသူ ဒါဇင်နှင့်ချီရှိ ကြောင်း ယီမင်ဒေသခံ ကျန်းမာရေးအရာရှိတစ်ဦးက ဇွန်လ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

တီဟီရန် ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ အနေဖြင့် အမေရိကန် လေယာဉ်တည်ဆောက်ရေး ကုမ္ပဏီ တစ်ခု ဖြစ်သည့် ဘိုးအင်း ကုမ္ပဏီ မှ အီရန် နိုင်ငံ နှင့် ချုပ်ဆိုထားသည့် လေယာဉ်ဝယ်ယူမှု ဆိုင်ရာ သဘောတူညီချက် စာချုပ် အား ဖျက်သိမ်းခြင်း အပေါ် နိုင်ငံတကာ တရားစီရင်မှု ပြုလုပ်ပေးရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း သတင်း ဖော်ပြချက် အရ သိရှိရသည်။

ဂါဇာ ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ပါလက်စတိုင်း များ နှင့် အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ တို့က ဇွန်လ ၈ ရက်နေ့ ၌ ဂါဇာ ဒေသ တွင် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သောကြောင့် ပါလက်စတိုင်း အနည်းဆုံး ၄ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။

နိုင်ရိုဘီ ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

ကင်ညာ နိုင်ငံ " Fly SAX " လေကြောင်း ကုမ္ပဏီ ပိုင် လေယာဉ် တစ်စင်း သည် ဇွန်လ ၅ ရက်နေ့ ၌ မြေပြင် နှင့် ဆက်သွယ်မှု ပြတ်တောက် သွား ခဲ့ပြီး လက်ရှိချိန်တွင် လေယာဉ် မှာ ပျက်ကျ ခဲ့ခြင်း ဖြစ်ကြောင်း နှင့် လေယာဉ် ပေါ်လိုက်ပါခဲ့သည့် လူ ၁၀ ဦး အားလုံး သေဆုံး ခဲ့ကြောင်း ကင်ညာ နိုင်ငံ အစိုးရ အရာရှိ တစ်ဦး က ဇွန်လ ၇ ရက်နေ့ ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

အာဖဂန်နစ္စတန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Khost ပြည်နယ်ရှိ ဗလီတစ်ခု တွင် ဝတ်ပြုသူများအား သေနတ်သမားများက ပစ်ခတ်ခဲ့သောကြောင့် အရပ်သား ၄ဦး သေဆုံးခဲ့ပြီး အခြားလူ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက ဇွန် ၇ ရက်တွင်ပြောကြားခဲ့သည်။

နိုင်ရိုဘီ ၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ကင်ညာ နိုင်ငံ အရှေ့ပိုင်း ကင်ညာ-ဆိုမာလီယာ နှစ်နိုင်ငံ နယ်စပ် ဒေသ တွင် ဇွန်လ ၆ ရက်နေ့ ၌ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံး ခဲ့ကြောင်း ကင်ညာ နိုင်ငံ အစိုးရ အရာရှိ တစ်ဦး ၏ ပြောကြား ချက်အရ သိရှိရသည်။

ဘဂ္ဂဒက် ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံ ဘဂ္ဂဒက်အရှေ့ပိုင်းရှိ Sadrမြို့တွင် ဇွန်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၄ အထိ တိုးမြင့်လာပြီး ဒဏ်ရာရသူ ၉၀ ဦး ရှိပြီဖြစ်ကြောင်း အီရတ်ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတစ်ဦးက အခင်းဖြစ်ပွားသောနေ့တွင် ပြောကြားခဲ့သည်။ 

ဒါအိစလန် ၊ ဇွန် ၇ ရက် (ဆင်ဟွာ)

တန်ဇန်းနီးယား နိုင်ငံ အနောက်ပိုင်း Kigoma ဒေသတွင် ဇွန်လ ၆ ရက်နေ့ ၌ ကုန်တင် ရထား တစ်စင်း နှင့် ဘတ်စ်ကား တစ်စင်း တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၁၀ ဦး ခဲ့ပြီး လူပေါင်း ၂၃ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ရဲတပ်ဖွဲ့ က အခင်းဖြစ်ပွား သည့် နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

ဒမတ်စကပ်စ် ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူချုပ် နှင့် လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌ ထံသို့ ပေးပို့ခဲ့သည့် စာတွင် အမေရိကန် နိုင်ငံ ဦးဆောင်သည့် နိုင်ငံတကာ မဟာမိတ် တပ်ဖွဲ့ ၏ တိုက်ခိုက်မှုကြောင့် ဆီးရီးယား နိုင်ငံ အရပ်သား ၂၂ ဦး သေဆုံး ခဲ့ရပြီး ဆီးရီးယား နိုင်ငံ အနေဖြင့် နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့ မှ ဆီးရီးယား နိုင်ငံ အတွင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဆောင်ရွက်နေခြင်း ကို ရပ်တန့်ရန် တောင်းဆိုကြောင်း ပြောကြား ခဲ့သည်။