18
Sun, Aug
553 New Articles

ဂျိုဟန်နက်စ်ဘာ့ထ်၊ မေ ၂၄ ရက် (ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံ ရဲတပ်ဖွဲ့ က ဂျိုဟန်နက်စ်ဘာ့ထ်မြို့ တွင် ဖြစ်ပွားခဲ့သည့် အငှားယာဉ်ပဋိပက္ခအတွင်း အငှားယာဉ် ယာဉ်မောင်း ၄ဦး ပစ်သတ်ခံရပြီးနောက် လုံခြုံရေးအစောင့် ၈ဦး ကို ဖမ်းဆီးခဲ့ကာ လက်နက်များအား သိမ်းဆည်းခဲ့ကြောင်း မေ ၂၃ ရက် က ပြောကြားခဲ့သည်။

ဒူဘိုင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)

ဆော်ဒီဦးဆောင်သော အာရပ်မဟာမိတ်တပ်ဖွဲ့များ၏ အစိတ်တစ်ပိုင်းဖြစ်သော အာရပ်စော်ဘွားများပြည်ထောင်စု (UAE) စစ်တပ် သည် ပင်လယ်နီ ရှိ နိုင်ငံတကာရေပိုင်နက် တွင် အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားသော ဟူသီသူပုန်များ၏ လှေ ၂စင်းကို မေ ၂၃ ရက်က ဖျက်စီးခဲ့ကြောင်း သိရသည်။

တီဟီရန် ၊ မေ ၂၃ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံ အနောက်ပိုင်းပြည်နယ်အချို့ ၌ မကြာသေးမီ ရက်သတ္တပတ်များက အလေ့ကျပေါက်သော မှိုများကို စားသုံးမိရာမှ လူပေါင်း ၁ဝဝဝ ကျော် အော့အန်ကာ အနည်းဆုံး ၁၅ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာက ရေးသားဖော်ပြသည်။

အာဖဂန်နစ္စတန်၊ မေ ၂၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Kunduz ပြည်နယ် Imam Sahib ခရိုင်ရှိ တာလီဘန်တို့၏ ပုန်းခိုရာစခန်းတစ်ခုကို မေ ၂၃ရက်က လေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ရာ တာလီဘန် အဓိက တပ်မှူးတစ်ဦး ဖြစ်သူ Mullah Karim Mukhlis အပါအဝင် စစ်သွေးကြွ ၆ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ Sunatullah Timuri ကပြောကြားခဲ့သည်။

ကဘူးလ် ၊ မေ ၂၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ တောင်ပိုင်း Kandahar ပြည်နယ် Kandahar မြို့ တွင် မေလ ၂၂ ရက်နေ့ ၌ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၁၆ ဦး သေဆုံး ခဲ့ပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ် အစိုးရ အရာရှိ ၏ ပြောကြားချက်အရ သိရှိရသည်။

ဘဂ္ဂဒက်၊ မေ  ၂၂ ရက်(ဆင်ဟွာ)

အီရတ်စစ်တပ်က မေလ ၂၁ ရက်တွင် မြောက်ပိုင်းMosulမြို့၌ IS အစွန်းရောက်အဖွဲ့အစည်း တူးဖော်ထားသည့် မြေအောက်လိုဏ်ခေါင်းတစ်ခုကို တွေ့ရှိခဲ့ပြီး ၎င်းလိုဏ်ခေါင်းအတွင်း ပုန်းလျှိုနေသည့် လက်နက်ကိုင်များနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လက်နက်ကိုင် ၁၂ ဦး ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။ 

ရီယာ့ဒ်၊ မေ ၂၂ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျ လေကြောင်းလိုင်းမှ SV3818 လေယာဉ် သည် ဆော်ဒီနိုင်ငံ မက်ဒီနာမြို့ မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့ သို့ ပျံသန်းနေစဉ် ဆင်းသက်ဂီယာ ပုံမှန်အလုပ်မလုပ်တော့သည့်နောက် ဂျက်ဒါ့မြို့ ၌ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း အွန်လိုင်း Arab News က မေ ၂၁ ရက်တွင်ဖော်ပြခဲ့သည်။

အဘီဒီဂျန်၊ မေ  ၂၀ ရက်(ဆင်ဟွာ)

နိုင်ဂျာနိုင်ငံအနောက်ပိုင်း Tillaberyပြည်နယ်ရှိ ကျေးရွာတစ်ရွာအား မေလ ၁၈ ရက် ညဦးပိုင်းတွင် လက်နက်ကိုင်လူတစ်စုက ၀င်ရောက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး အရပ်သား ၁၇ ဦး သေဆုံး ခဲ့ကြောင်း နိုင်ဂျာနိုင်ငံ လုံခြုံရေးဝန်ကြီးဌာနက မေ ၁၉ ရက်နေ့တွင် ပြောကြားခဲ့ သည်။ 

KINSHASA ၊ မေ ၁၈ ရက် (ဆင်ဟွာ)

ကွန်ဂိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အနောက်မြောက်ပိုင်း Bikoro မြို့တွင် အီဘိုလာ (Ebola) ရောဂါဖြစ်ပွားသူအသစ် ၁၁ ဦးနှင့် ယင်းနှင့် ဆက်စပ်၍သေဆုံးသူအသစ် ၁ ဦးရှိသည်ဟု အတည်ပြုခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

အက်ဒန် ၊ မေ  ၁၇ ရက်(ဆင်ဟွာ)

လွန်ခဲ့သော ၂၄ နာရီအတွင်း ယီမင်အစိုးရစစ်တပ်က အနောက်ပိုင်းဒေသတွင် ဟူသီလက်နက်ကိုင် ၄၀ ကျော်ကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ယီမင်လုံခြုံရေးဝန်ကြီးဌာန၏ မေလ ၁၆ ရက်နေ့ သတင်းများအရ သိရသည်။