22
Mon, Apr
608 New Articles

ကိုင်ရို၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

ကမ္ဘာ့လှည့်ခရီးသွားတစ်ဦးသေဆုံးပြီး ၁၅ဦးဒဏ်ရာရရှိခဲ့သည့် တောင်ပိုင်းမြို့ တစ်မြို့ဖြစ်သော Luxor မြို့ မှ မိုးပျံပူဖောင်းပျက်ကျမှု အတွက် တာဝန်ရှိသူ ၄ဦးကို ဖမ်းဆီးရန် အီဂျစ်နိုင်ငံ တရားစီရင်ရေးက ဇန်နဝါရီ ၆ရက်တွင် ညွှန်ကြားခဲ့ကြောင်း နိုင်ငံပိုင် MENA သတင်းဋ္ဌာနကဖော်ပြခဲ့သည်။

ကူဝိတ်စီးတီး၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ကူဝိတ်နိုင်ငံ ဂျာဘားအယ်အာမက် နိုင်ငံတကာအားကစားရုံ၌ ဇန်နဝါရီ ၅ရက်နှောင်းပိုင်းတွင် ပြုလုပ်ခဲ့သည့် ၂၃ကြိမ်မြောက် အာရေးဗီယန်ပင်လယ်ကွေ့ဖလား ဗိုလ်လုပွဲစဉ် တွင် စည်းရိုးတစ်ခု ပြိုကျမှုကြောင့် အိုမန်ဘောလုံးအသင်းပရိသတ် ၄၀ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဝါရှင်တန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က ပါကစ္စတန်နိုင်ငံသို့ ပံ့ပိုးပေးနေသည့် လုံခြုံရေးဆိုင်ရာ အထောက်အပံ့များကို ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၄ရက်တွင်ကြေညာခဲ့သည်။

ကဘူးလ် ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ် တွင် ဇန်နဝါရီ ၄ ရက်နေ့၌ အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၁ ဦး သေဆုံး ခဲ့ပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်နစ္စတန် အများပြည်သူ ကျန်းမာရေး ဌာန ၏ ပြောကြား ချက်အရ သိရှိခဲ့ရသည်။

ဂျိုဟန်နက်စ်ဘာ့တ်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံတွင် ဇန်နဝါရီ ၄ ရက် က ဖြစ်ပွားခဲ့သည့် ရထားလမ်းချော်မှုကြောင့် သေဆုံးသူဦးရေသည် လူ ၂၀ဦးအထိမြင့်တက်လာပြီး လူ ၂၆၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖရီးစတိတ်ပြည်နယ် ကျန်းမာရေးဋ္ဌာန တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

ဇင်ဘာဘွေ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

ဇင်ဘာဘွေနိုင်ငံတောင်ပိုင်း ဘူလာဝါယိုမြို့တောင်ဘက် ၄၀ကီလိုမီတာ အကွာခန့် ရှိ မာတိုပို့စ် အမျိုးသားဥယျာဉ်၌ ဒီဇင်ဘာ၃၁ရက်တွင် ကမ္ဘာလှည့်ခရီးသည် ၂ဦး ကနူးလှေစီးနေစဉ် မိကျောင်းများ၏ တိုက်ခိုက်မှုကြောင့် ကမ္ဘာလှည့်ခရီးသည် တစ်ဦး သေဆုံးပြီး ကျန်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အယ်ဂျီးယား ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

အယ်လ်ဂျီးရီးယား နိုင်ငံ ငလျင် တိုင်းတာရေး စင်တာ ၏ ထုတ်ပြန်ချက် အရ ဇန်နဝါရီ ၂ ရက်နေ့ ညပိုင်းအချိန်တွင် အင်အား ရစ်(ခ်)တာစကေး (၅.၀) အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ် ခဲ့ကြောင်း သိရှိရသည်။

အဘူဂျာ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံမှ ရေနံပေါများစွာ ထွက်ရှိသည့် Rivers ပြည်နယ်တွင် ဇန်နဝါရီလ ၁ ရက် အစောပိုင်းက သန်းခေါင်ယံ ဝတ်ပြုဆုတောင်းပွဲမှ ပြန်လာသူများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အနည်းဆုံး ဝတ်ပြုဆုတောင်းသူ ၂၁ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အရာရှိတစ်ဦးက ဇန်နဝါရီလ ၂ ရက်တွင်ပြောကြားခဲ့သည်။

ဖာရာ၊ အာဖဂန်နစ္စတန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဖာရာပြည်နယ်တွင် သောင်းကျန်းသူများက ညဘက် ချုံခိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ခရိုင်ရဲချုပ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂ ရက်က ပြောကြားခဲ့သည်။

အစ္စလာမ်မာဘတ် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

အကြမ်းဖက်ဝါဒတိုက်ဖျက်မှုတွင် ပါကစ္စတန်နိုင်ငံ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ သံသယရှိသည်ဟု အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားချက်အပေါ် ပါကစ္စတန်နိုင်ငံက ဆန့် ကျင်ကြောင်း စာတစ်စောင်ကို အမေရိကန်သံအမတ်ထံ ဇန်နဝါရီလ ညနေပိုင်းက ပေးပို့ ခဲ့ကြောင်း ဒေသတွင်းမီဒီယာက ရေးသားဖော်ပြခဲ့သည်။