20
Sun, Oct
580 New Articles

ဒမတ်စကပ်စ် ၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ လေကြောင်း ကာကွယ်ရေး က ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်း အချိန်တွင် စစ်ဘက်ဆိုင်ရာ လေတပ်စခန်း ၂ ခု အား ပစ်မှတ်ထား တိုက်ခိုက်လာသည့် ဒုံးကျည်များအား ကာကွယ်တားဆီး နိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ သိရှိရသည်။

ဒါရန် ၊ ဧပြီ ၁၆ ရက်(ဆင်ဟွာ)

တစ်ရက်တာ ကျင်းပသော အာရပ် ထိပ်သီး ဆွေးနွေးပွဲ(Arab League summit)ကို ဧပြီလ ၁၅ ရက်တွင် ဆော်ဒီအာရေဗျအရှေ့ပိုင်း ဒါရန်(Dhahran)မြို့၌ ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲတွင် အာရပ် ခေါင်းဆောင်များက နိုင်ငံတကာအသိုင်းအဝိုင်းအား ဆီးရီးယား၏ ဓာတုလက်နက်သုံးတိုက်ခိုက်မှုကို သီးခြားစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် တိုက်တွန်းခဲ့ကြောင်းသိရှိရသည်။

အက်ရာ၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

ဂါနာနိုင်ငံ မြောက်ပိုင်း တွင် ဧပြီ ၁၄ရက် အစောပိုင်းက ခရီးသည်တင်ဘတ်စ်ကားတစ်စီး နှင့် အခြား ယာဉ် ၂စီး တိုက်မိခဲ့ရာ လူ ၁၈ဦး သေဆုံးပြီး အခြားလူ ၇၀ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ကဘူးလ် ၊ ဧပြီ ၁၅ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Baghlan ပြည်နယ်ရှိ လျှပ်စစ်ဓာတ်အားပေး အဆောက်အအုံတစ်ခုကို ဧပြီလ ၁၄ ရက်က တာလီဘန်လက်နက်ကိုင်များဝင်ရောက်တိုက်ခိုက်ခဲ့ရာ မြို့တော်ကဘူးလ်ရှိ နေရာတော်တော်များများ တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

လန်ဒန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဇာမေက ဆီးရီးယားတွင် တရားမဝင် ဓာတုလက်နက်များအသုံးပြုမှုကို တန်ပြန်အရေးယူဆောင်ရွက်သည့်အနေဖြင့် ဆီးရီးယားအား ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်ရန် ဗြိတိန်လက်နက်ကိုင်တပ်ဖွဲ့များအား အခွင့်အာဏာပေးအပ်လိုက်ကြောင့် ဧပြီ ၁၄ ရက် ကပြောကြားလိုက်သည်။ (Xinhua)

ဒမတ်စကက်စ် ၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံက ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကက်စ်ကို ဒုံးကျည်များဖြင့် ဧပြီ ၁၃ ရက် ညပိုင်းတွင် စတင်တိုက်ခိုက်နေပြီး ဖြစ်ကြောင်း ဆီးရီးယားနိုင်ငံပိုင် တီဗွီ၏ ထုတ်လွှင့်ချက် နှင့် ဒမတ်စကက်စ်သို့ရောက်ရှိနေသော ဆင်ဟွာသတင်းထောက် ၏ ပေးပို့ချက်အရ သိရသည်။

ရီယာ့ဒ်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

ဆော်ဒီနိုင်ငံ နယ်စပ်မြို့ဖြစ်သည့် ဂျာဇန်မြို့ ပေါ်သို့ ဧပြီ ၁၂ရက်ညနေပိုင်းတွင် ဟူသီသူပုန်များ ပစ်ခတ်လိုက်သည့် ပဲ့ထိန်းဒုံးကျည်အား ဆော်ဒီလေတပ် တပ်ဖွဲ့ဝင်များက ကြားဖြတ် ဖျက်ဆီးနိုင်ခဲ့ကြောင်း Al Arabiya ပြည်တွင်း သတင်း၌ဖော်ပြခဲ့သည်။

ဗလာဒီဗော့စတော့ ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ လေကြောင်း သွားလာမှု စစ်ဆေးရေး ဌာန က အမေရိကန် နိုင်ငံ ၏ ကင်းထောက်လေယာဉ် ၇ စင်း သည် ရုရှား နိုင်ငံ ၏ ဆီးရီးယား နိုင်ငံ အတွင်းရှိ တပ်စခန်းများအား စုံစမ်းထောက်လှမ်းမှုများ ဆောင်ရွက်နေကြောင်း ဧပြီလ ၁၃ ရက်နေ့၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

အစ္စလာမ်မာဘတ်၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

ဧပြီလ ၁၁ ရက်တွင် ကက်ရှ်မီးယားဒေသ အိန္ဒိယ-ပါကစ္စတန်နှစ်ဖက်ခွဲခြားထားသည် နယ်စပ်မျဉ်းအနီး၌ အိန္ဒိယစစ်တပ်က ပါကစ္စတန်ဘက်သို့ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အနည်းဆုံး ဒေသခံအရပ်သား ၅ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ထိုနေ့တွင် ပြောကြားခဲ့သည်။

အယ်လ်ဂျီးယား၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

အယ်လ်ဂျီးရီးယားနိုင်ငံ အယ်လ်ဂျီးယားမြို့ တောင်ဘက် ၃၀ ကီလိုမီတာအကွာရှိ Boufarik တပ်မတော်လေဆိပ်၌ ဧပြီလ ၁၁ ရက် နံနက်အစောပိုင်းက စစ်လေယာဉ် တစ်စင်း ပျက်ကျမှုတွင် သေဆုံးသူ အရေအတွက်မှာ ၂၅၇ ဦး ရှိလာပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။