20
Fri, Sep
525 New Articles

တူနီးရှား ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

လစ်ဗျား နိုင်ငံ လုံခြုံရေး ဝန်ကြီးဌာန နှင့် ကျန်းမာရေး ဝန်ကြီးဌာန တို့၏ သတင်းအရင်းအမြစ်များအရ လစ်ဗျား နိုင်ငံ မြို့တော် ထရီပိုလီ ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် အနီးတွင် ဇန်နဝါရီ ၁၅ ရက်နေ့၌ လက်နက်ကိုင် အဖွဲ့အစည်း ၏ တိုက်ခိုက်မှု ခံခဲ့ရကာ လူပေါင်း ၈၉ ဦး သေဆုံးဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

ဘဂ္ဂဒတ်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒတ်မြို့ မြို့လယ်ခေါင်တွင် ဇန်နဝါရီ ၁၅ ရက်က ဗုံး၂လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ဦးရေသည် ၂၇ဦးအထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာရရှိသူ ၉၀ကျော်ရှိကြောင်း ဆေးကုသရေး သတင်းရင်းမြစ်တစ်ခု ကပြောကြားခဲ့သည်။

ရိုအန်ဒီ ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

ကင်မရွန်း နိုင်ငံပိုင် ရုပ်သံဌာန ၏ သတင်းထုတ်ပြန်ချက် အရ ဇန်နဝါရီ ၁၃ ရက်နေ့ ညပိုင်း တွင် နိုင်ငံ အနောက်ပိုင်း ဒေသ ၌ ဆိုးရွား သည့် ယာဉ်မတော်တဆမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၂၁ ဦး သေဆုံးခဲ့ကြောင်း ဖေါ်ပြခဲ့သည်။

ကဘူးလ် ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ယခုရက်ပိုင်း အတွင်း အစိုးရ တပ်ဖွဲ့ ၏ လေကြောင်း ဗုံးကျဲ တိုက်ခိုက်မှု ကြောင့် နိုင်ငံ အရှေ့ပိုင်း Nangarhar ပြည်နယ် တွင် ပုန်းခိုနေသည့် IS အစွန်းရောက် အဖွဲ့ဝင် အနည်းဆုံး ၁၇ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။

ရှီဘာဂန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Jawzjan ပြည်နယ် Darzab ခရိုင် ရှိ အစွန်းရောက် IS အဖွဲ့ နှင့် တာလီဘန်စစ်သွေးကြွအဖွဲ့တို့ အကြား တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ရာ ISစစ်သွေးကြွအဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး  အခြားလူ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်ရီဇာဂါဖိုရီကပြောကြားခဲ့သည်။

ဂျေရုစလင် ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း မှ အစ္စရေး နိုင်ငံ နှင့် အီဂျစ် နိုင်ငံ သို့ သွားရောက် နိုင်သော ဥမင်လိုဏ်ခေါင်း တစ်ခု ကို ဗုံးဖြင့် ဖောက်ခွဲဖျက်ဆီး ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ဝါရှင်တန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံအပေါ် ၂၀၁၅ ခုနှစ် နျူကလီယား သဘောတူစာချုပ်အရ ပိတ်ဆို့မှုများ သက်သာခွင့်အား အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က သက်တမ်းတိုးလိုက်ပြီး ယင်းသည် နောက်ဆုံးသက်သာခွင့် ဖြစ်သည်ဟု သတိပေးလိုက်ကြောင်း ဇန်နဝါရီလ ၁၂ ရက်တွင် ထရမ့်အစိုးရ အဆင့်မြင့်အရာရှိများက ပြောကြားခဲ့သည်။

တူနီးရှား ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

တူနီးရှား နိုင်ငံ နေရာ အနှံအပြား တွင် ဇန်နဝါရီ ၁၁ ရက် အထိ ဆန္ဒပြမှုများ  ဆက်လက် ဖြစ်ပွား ခဲ့ရာ မတည်ငြိမ်မှု နှင့် တိုက်ခိုက်မှုများကြောင့် ဆန္ဒပြသူ တစ်ဦး သေဆုံး ခဲ့ပြီး လုံခြုံရေး ဝန်ထမ်း ၆၀ ကျော် ဒဏ်ရာရရှိ ခဲ့ကာ ရဲကား ၅၀ ကျော် ဖျက်ဆီး ခံရပြီး လူပေါင်း ၆၀၀ ကျော် ကို ဖမ်းဆီး ခဲ့ကြောင်း တူနီးရှား နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

တီဂူ့စ်စီဂယ်လ်ပါ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

ကာရေဘီယံပင်လယ်အတွင်းရှိ ဟွန်ဒူးရပ်စ်နိုင်ငံ မြောက်ပိုင်းတွင် ဇန်နဝါရီလ ၉ ရက်ညပိုင်းက ပမာဏ ၇.၆ ရှိသော အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနီးဝန်းကျင်ရှိ ပင်လယ်ကမ်းခြေများ၌ ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ၏ ထုတ်ပြန်ချက်အရ သိရသည်။

တီဟီရန် ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် Ali Khamenei က ဇန်နဝါရီ ၉ ရက်နေ့၌ ဘာသာရေးအသင်းအဖွဲ့ များနှင့် တွေ့ဆုံခဲ့ရာတွင် လတ်တလော ကာလ အီရန် နိုင်ငံ အတွင်း ဖြစ်ပွားနေသော မတည်ငြိမ်မှုများ သည် အမေရိကန် နိုင်ငံ နှင့် အစ္စရေး နိုင်ငံ တို့က နောက်ကွယ်တွင် ကြိုးကိုင်ဆောင်ရွက်နေကြသူများ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။