23
Fri, Aug
522 New Articles

ရာဘတ်၊ ဇူလိုင် ၂၈  ရက်(ဆင်ဟွာ)

မော်ရိုကိုနိုင်ငံ မြောက်ပိုင်း  တန်ဂျီးယားမြို့အနီးတွင် IS အစွန်းရောက်အဖွဲ့နှင့်ဆက်စပ်သူ ၅ ဦးကို ဇူလိုင် ၂၇ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မော်ရိုကို ပြည်ထဲရေးဝန်ကြီးဌာနက ယင်းနေ့တွင် သတင်း ထုတ်ပြန် ခဲ့သည်။ 

တီဟီရန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

အီရန်အမျိုးသား ရေနံတင် သင်္ဘောကုမ္ပဏီ(NITC)သည် တစ်လ ခန့်ကြာသော တန် ၃၂၀,၀၀၀တင် ရေနံတင်သင်္ဘောကြီးအား ပြုပြင်မွမ်းမံမှု အောင်မြင်စွာပြီးစီးသွားကြောင်း တီဟီရန် တိုင်း နေ့စဉ်သတင်းစာတွင် ဇူလိုင် ၂၆ ရက်က ဖော်ပြခဲ့သည်။

တူးနစ်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

တူနီးရှားနိုင်ငံတွင် သမ္မတရွေးကောက်ပွဲ ပထမအကျော့အား စက်တင်ဘာလ ၁၅ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ သီးခြားလွတ်လပ်သော အဆင့်မြင့်အာဏာပိုင်အဖွဲ့ (ISIE) က ဇူလိုင်လ ၂၅ ရက်တွင် ကြေညာလိုက်သည်။

တူးနစ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

တူနီးရှားသမ္မတ Beji Caid Essebsi သည် တူနီးရှားနိုင်ငံ၊ မြို့တော်တူးနစ်မြို့ ရှိ စစ်ဆေးရုံတွင် ဇူလိုင် ၂၅ ရက် ၌  ကွယ်လွန်ခဲ့ကြောင်း သမ္မတရုံးမှ ကြေညာချက်တစ်ရပ်တွင် ဖော်ပြပါရှိသည်။  (Xinhua) 

 

ကဘူးလ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ဇူလိုင်လ၂၅ ရက် နံနက်ပိုင်း ရုံးတက်ရုံးဆင်းချိန်တွင် ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အခြားလူ ၁၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်စ်ရတ် ရာဟီမီ (Nasrat Rahimi) က ပြောကြားခဲ့သည်။

အန်ကာရာ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) 

ပိုလန်နိုင်ငံ၊ ရုရှားနိုင်ငံ နှင့် နော်ဝေနိုင်ငံတို့မှ ကမ္ဘာလှည့် ခရီးသည်များတင်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် ဇူလိုင်လ ၂၃ ရက်၌ တူရကီနိုင်ငံ၊ အန်တာလျာပြည်နယ် မြေထဲပင်လယ်ကမ်းရိုးတန်းအနီးတွင် ဘီးချော် မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။   (Xinhua) 

အန်ကာရာ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

ဇူလိုင်၂၂ ရက်ညတွင် ဆီးရီးယားနိုင်ငံ ပိုင်နက်အတွင်းမှ ပစ်လွှတ်သည့် ဒုံးကျည်ကြောင့် တူရကီနိုင်ငံ အရှေ့တောင်ဘက် Sanliurfa ပြည်နယ် တွင် အနည်းဆုံးလူ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးကပြောခဲ့သည်။ 

ဂျေရုဆလင် ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ)

အစ္စရေး နိုင်ငံ ဂျေရုဆလင်မြို့ ၏ ဆင်ခြေဖုံးတွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော ပါလက်စတိုင်းလူနေအိမ်များကို အစ္စရေးတပ်ဖွဲ့ က ယနေ့ နံနက်အစောပိုင်းတွင် စတင်ဖြိုဖျက်နေပြီဖြစ်ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။

DAR ES SALAAM ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

တန်ဇန်းနီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဆင်ဟွာသတင်းအေဂျင်စီ အယ်ဒီတာချုပ် ဟဲဖိန်နှင့် တန်ဇန်းနီးယားနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှု၊ အနုပညာနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး Harrison Mwakyembe တို့သည် ဇူလိုင်လ ၂၁ ရက်က တွေ့ဆုံဆွေးနွေးပြီးနောက် ၎င်းတို့နှစ်ဦး၏ရှေ့မှောက်တွင် ဆင်ဟွာနှင့် တန်ဇန်းနီးယား သတင်းအချက်အလက်ဝန်ဆောင်မှုဌာနအကြား နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ကိုင်ရို၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံသမ္မတအဗ္ဗဒူလ် ဖတ်တာ အယ်လ်စီစီက နိုင်ငံအတွင်း အရေးအပေါ်အခြေအနေကို ယခုလ ၂၅ ရက် မှ စတင်ကာ နောက်ထပ် ၃ လ ထပ်မံ သက်တမ်းတိုးမြှင့်ရန်အတွက် သမ္မတ၏ သက်တမ်းတိုးခွင့်အမိန့် ကြေညာချက်တစ်ရပ်ကို ဇူလိုင် ၂၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ယင်းနေ့ တွင် အီဂျစ်နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းဌာနများက ဖော်ပြခဲ့သည်။