23
Fri, Aug
522 New Articles

အစ္စလာမ်မာဘတ် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

ပါကစ္စတန် နိုင်ငံ အနောက်မြောက်ပိုင်း Dera Ismail Khan ခရိုင်ရှိ ရဲတပ်ဖွဲ့ များအား ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များ အတွင်း လူ ၆ ဦး သေဆုံးခဲ့ပြီး အခြား ဒဏ်ရာ ရရှိသူ အများအပြား ရှိခဲ့ကြောင်း ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

ဘဂ္ဂဒက်၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

လွန်ခဲ့သောရက်များက အီရတ်တွင် ဖြစ်ပွားခဲ့သော တူရကီ သံတမန်အရာရှိ တိုက်ခိုက်ခံရမှုတွင် အဓိက သံသယရှိသူ တစ်ဦးကို ဇူလိုင် ၂၀ ရက်က အီရတ်နိုင်ငံ Kurdistanဒေသ Erbilမြို့တွင်  ဖမ်းဆီးနိုင်ခဲ့ကြောင်း ယင်းဒေသ အစိုးရက ပြောကြားခဲ့သည်။ 

ရီယတ်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံအတွင်း အမေရိကန်နိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့များ လာရောက်အခြေစိုက်ခြင်းကို ဆော်ဒီဘုရင် ဆယ်လ်မန် ဘစ် အဗ္ဗဒူလာဇစ် အယ်လ်-ဆော့ (Salman bin Abdulaziz Al-Saud) က အတည်ပြုလိုက်ကြောင်း ဆော်ဒီသတင်းအေဂျင်စီက ဇူလိုင်လ ၁၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။

တီဟီရန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ အစ္စလာမ်မစ် တော်လှန်ရေးကမ်းခြေစောင့်တပ်ဖွဲ့ (IRGC) က ဟောမုဇ်ရေလက်ကြားတွင် ဗြိတိန်ရေနံတင်သင်္ဘော Stena Impero အား ဇူလိုင်လ ၁၉ ရက်က ဖမ်းဆီးခဲ့ကြောင်း IRGC ကြေညာချက်အရ သိရသည်။

ကဘူးလ်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ၏ မြို့တော် ကဘူးလ်တက္ကသိုလ် ၏ တောင်ဘက်တံခါး တွင် ဇူလိုင် ၁၉ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ရာ လူ ၄ဦး သေဆုံးခဲ့ပြီး အခြား ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကဘူးလ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Ferdaus Faramarz ကပြောသည်။ 

ကမ်ပါလာ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) မှ အမျိုးသမီးတစ်ဦးသည် ငါးအရောင်းအဝယ်ပြုလုပ်ရန် ယူဂန္ဓာနိုင်ငံသို့ လာရောက်ခဲ့ကာ ၎င်း၏နိုင်ငံသို့ပြန်ရောက်ပြီးနောက် အီဘိုလာရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း၊ ၎င်းအနေဖြင့် ယူဂန္ဓာနိုင်ငံအတွင်းရှိနေစဉ် အဆက်အသွယ် ထိတွေ့မှုရှိခဲ့သူများအား စုံစမ်းနေကြောင်း ယူဂန္ဓာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင်လ ၁၇ ရက်တွင် ပြောကြားလိုက်သည်။ 

ကုလသမဂ္ဂ ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် (Mohammad Javad Zarif) က ဇူလိုင်လ ၁၇ ရက် တွင် ကုလသမဂ္ဂ ၌ ကျင်းပ ပြုလုပ်သည့် အစည်းအဝေး တစ်ရပ် တွင် အမေရိကန် နိုင်ငံ မှ အီရန် နိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှုများ ဆောင်ရွက်ခြင်းသည် စီးပွားရေး အကြမ်းဖက် ဝါဒ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြစ်တင် ဝေဖန် ခဲ့ပြီး ယင်းဆောင်ရွက်မှုမျိုးက အီရန် နှင့် အခြား နိုင်ငံ များ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ရန် အတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ခါတွမ်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံ အသွင်ကူးပြောင်းရေးစစ်ကောင်စီ (TMC) နှင့် အတိုက်အခံဖြစ်သော Freedom and Change Alliance တို့သည် ဇူလိုင်လ ၁၇ ရက်တွင် နိုင်ငံရေးကြေညာစာတမ်းဆိုင်ရာ ကနဦးသဝဏ်လွှာများအား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

တီဟီရန်၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

ဗြိတိန်၏ ရေနံသင်္ဘောဖမ်းဆီးထိန်းသိမ်းမှုကို အပြင်းအထန်ပြစ်တင်ရှုတ်ချကြောင်း အီရန်နိုင်ငံ၏အမြင့်ဆုံး ခေါင်းဆောင် အလီ ခါမေနီ (Ali Khamenei) က  ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု Tasnim သတင်းအေဂျင်စီ၏ ယင်းနေ့တွင်ထုတ်ပြန်သည့် သတင်းများအရ သိရသည်။ 

အဘူဂျာ ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယား အစိုးရ အရာရှိ တစ်ဦး ၏ ပြောကြားချက် အရ နိုင်ငံ အလယ်ပိုင်း Plateau ပြည်နယ် တွင် ဇူလိုင် ၁၅ ရက် ၌ အဆောက်အဦ ပြိုကျမှု ဖြစ်ပွား ခဲ့ရာ လက်ရှိချိန်ထိ လူ ၁၄ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။