06
Fri, Dec
477 New Articles

တူးနစ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တူနီးရှားနိုင်ငံ အရှေ့တောင်ပိုင်း Tataouine ပြည်နယ်တွင် စစ်တပ်ကင်းလှည့်နေသည်ကို ပစ်မှတ်ထားကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် လက်နက်မှောင်ခိုကူးသူ ၄ ဦး ဖမ်းဆီးခံခဲ့ရကြောင်း တူနီးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။

ကင်ရှာဆာ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) တန်ဂါရီကာပြည်နယ် အရှေ့တောင်ပိုင်းတွင် စက်တင်ဘာလ ၁၂ ရက် နံနက်အစောပိုင်းက ကုန်တင်ရထားတစ်စင်း လမ်းချော်မှုကြောင့် လူ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောခဲ့သည်။

အန်ကာရာ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံ အရှေ့တောင်ပိုင်း ဒီရာဘာကာပြည်နယ်အတွင်း စက်တင်ဘာလ ၁၂ ရက်က လမ်းဘေး ဗုံးပေါက်ကွဲမှုတစ်ရပ ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူလေးဦး သေဆုံးပြီး ၁၃ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ ကြောင်း ဒီရာဘာကာပြည်နယ်အုပ်ချုပ်ရေးမှူးရုံးကပြောကြားခဲ့သည်။

ဟာရာရီ ၊ စက်တင်ဘာ ၁၂ ရက် ၊ (ဆင်ဟွာ)

ကွယ်လွန်သူ ဇင်ဘာဘွေနိုင်ငံ သမ္မတဟောင်း မူဂါဘီ၏ ကြွင်းကျန်ရုပ်အလောင်းကို စင်ကာပူနိုင်ငံမှတဆင့် မိခင်နိုင်ငံသို့ စက်တင်ဘာ ၁၁ ရက်တွင် ပြန်လည်သယ်ဆောင်ခဲ့သည်။

ဒမတ်စကက်စ် ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက် အရ ဆီးရီးယား Kurds လက်နက်ကိုင် တပ်ဖွဲ့ ဦးဆောင်သည့် ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ သည် စက်တင်ဘာ ၁၁ ရက် တွင် နိုင်ငံ အရှေ့မြောက်ပိုင်း Hasakah မြို့ ရှိ ဈေးတစ်ခု အား ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အရပ်သား ပြည်သူ ၃၀ ဦး အား ဖမ်းဆီးသွားကြောင်း သိရှိရသည်။

အာဖဂန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် မြောက်ပိုင်း Takhar ပြည်နယ်တွင် စက်တင်ဘာ ၁၀ ရက် ညပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် တာလီဘန် စစ်သွေးကြွ ၃၀ ဦး သေဆုံးခဲ့ကြောင်း ဒေသခံသတင်းအရင်း အမြစ်များက ယနေ့ ပြောကြားသည်။

တီဟီရန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံမှ ရေနံတင်သွင်းခြင်း အပေါ် အမေရိကန်နိုင်ငံ ၏ တားမြစ်ခြင်းအား ဆန့်ကျင်ရန် အီရန်နိုင်ငံမှ အိန္ဒိယနိုင်ငံအား တိုက်တွန်းခဲ့ကြောင်း Press TV က စက်တင်ဘာ ၁၀ ရက်တွင် ထုတ်လွှင့်ခဲ့သည်။

ဘဂ္ဂဒတ် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့တောင်ပိုင်းရှိ ရှီယိုက်ဘာသာဝင်တို့၏ အထွဋ်အမြတ် ကာဘလာမြို့(Karbala)၌ လူအုပ်ပိမိမှုတစ်ခုအတွင်း စက်တင်ဘာ ၁ဝ ရက်တွင် အနည်းဆုံး ရှီယိုက်ဘုရားဖူး ၃၁ ဦးသေဆုံးပြီး အခြား ၁ဝဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အီရတ်ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

ကဘူးလ် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ အမေရိကန်သံရုံးအနီးတွင် ယနေ့( စက်တင်ဘာ ၁၁ ရက် ) နံနက်အစောပိုင်းတွင် အလွန်ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းအရင်းအမြစ်များအရ သိရသည်။

ရာဘတ်၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ)

မော်ရိုကိုနိုင်ငံတွင် လူ ဒါဇင်နှင့်ချီတင်ဆောင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးသည် ရေစီးချောင်းထဲမျောပါမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မော်ရိုကိုအစိုးရ သတင်းမီဒီယာ၏ စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည့် သတင်းများအရသိရသည်။