23
Fri, Aug
523 New Articles

အဘူဂျာ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီယားနိုင်ငံ အရှေ့တောင်ပိုင်း Benue ပြည်နယ်တွင် ဖြစ်ပွားသည့် ဆီတင်ယာဉ်ပေါက်ကွဲမှုတွင် သေဆုံးသူ ၄၈ ဦး အထိ မြင့်တက်သွားပြီဖြစ်ကြောင်း နိုင်ဂျီးရီးယား အရာရှိတစ်ဦးက ဇူလိုင် ၃ ရက် တွင် ပြောကြားခဲ့သည်။ 

တီဟီရန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) 

အီရန်နိုင်ငံ ပြက္ခဒိန် အရ မတ် လတွင် ကုန်ဆုံးခဲ့သောယခင်နှစ်အတွင်း ကုန်စည် နှင့် ဝန်ဆောင်မှုများကို အီရန်နိုင်ငံမှ အီရတ်နိုင်ငံ သို့ ၁၃ ဘီလီယံဒေါ်လာတန်ဖိုး အား တင်ပို့နိုင်ခဲ့ကြောင်း၊ ပြီးခဲ့သည့် နှစ်ထက် ၃၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း Press TV က ဇူလိုင် ၂ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

ဘေရွတ်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက လက်ဘနွန်နိုင်ငံရှိ ရပ်တည်ရန်ခက်ခဲသော နိုင်ငံသားများနှင့် ဆီးရီးယားဒုက္ခသည်များအတွက် ဂျုံစေ့ ၁,၀၆၇ တန်အား ဇူလိုင်လ ၂ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။

အဘူဂျာ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း Benue ပြည်နယ်တွင် ဇူလိုင် ၁ ရက်က ဆီတင်ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယား အရာရှိတစ်ဦးက ဇူလိုင် ၂ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ 

ထရီပိုလီ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် တည်ရှိသော ရွှေ့ ပြောင်းနေထိုင်သူများစင်တာတစ်ခုအား ဇူလိုင် ၂ ရက် နှောင်းပိုင်းက လေကြောင်းတိုက်ခိုက်ခံရသဖြင့် အနည်းဆုံး လူ ၄ဝ နီးပါး သေဆုံးသွားပြီး အခြားအမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်းများ၏ပြောကြားချက်အရသိရသည်။

တူးနစ် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

လုံခြုံရေးအကြောင်းပြချက်ဖြင့် တူနီးရှားနိုင်ငံရှိ အမေရိကန်သံရုံးကို ဇူလိုင် ၁ ရက်တွင် ပိတ်ပစ် ခဲ့ကြောင်း သိရသည်။

ကပူးလ် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)

အာဖဂန် နစ္စတန် နိုင်ငံ ကဘူးလ်မြို့ ၌ ယနေ့ နံနက် အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၃၄ ဦး သေဆုံးပြီး ၆၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း နှင့် ဒဏ်ရာ ရသူများကို နီးစပ်ရာ ဆေးရုံများသို့ ပို့ ဆောင်ပေးခဲ့ကြောင်း ဒေသတွင်း ရုပ်သံလိုင်း ဖြစ်သည့် Tolo TV ၏ ထုတ်လွှင့်မှု အရ သိရသည်။(Xinhua)

အန်တာနာနာရီဗို ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

မဒါဂတ်စကာ နိုင်ငံ၌ ဇွန် ၂၆ ရက်တွင် ကျင်းပခဲ့သော လွတ်လပ်ရေးနေ့ တရားဝင် အခမ်းအနား တစ်ခု အတွင်း လူ အုပ်စုလိုက် အလန့် တကြား ထွက်ပြေးခဲ့ကြမှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ပြီး အခြား ၇၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မဒါဂတ်စကာ နိုင်ငံခြားရေး ၀န်ကြီး Richard Ravalomanana က အတည်ပြု ပြောကြားခဲ့သည်။

တီဟီရန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက်နှင့် ပတ်သက်ပြီးသော ကတိက၀တ်များအတိုင်း ကောင်အထည် ဖော်ဆောင်ရန် ဥရောပသမဂ္ဂအနေဖြင့် ပျက်ကွက်နေကြောင်း ဇွန် ၂၄ ရက်က 

အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarifက(JCPOA)က Press TV ရုပ်မြင်သံကြား အစီအစဉ်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

ဘက်ဂဒက်၊ ဇွန် ၂၂ ရက်(ဆင်ဟွာ)

အီရတ်ရှိအမေရိကန်တပ်ဖွဲ့များက အီရတ်နိုင်ငံအလယ်ပိုင်းရှိ အီရတ်စစ်အခြေစိုက်စခန်းတစ်ခုမှ လုံခြုံ ရေးကုမ္ပဏီများ၏ ကန်ထရိုက်တာအများအပြားကိုရွှေ့ပြောင်းရန်ပြင်ဆင်လျက်ရှိကြောင်း အီရတ်လုံခြုံ ရေးဆိုင်ရာသတင်းအရင်းအမြစ်တစ်ခုက ဇွန်လ ၂၁ ရက်ကပြောကြားခဲ့သည်။