18
Thu, Jul
538 New Articles

မလေးရှားအာဏာရပါတီက ရွေးကောက်ပွဲစည်းရုံးရေး အင်တာနက်စာမျက်နှာလွှင့်တင်

မလေးရှားဝန်ကြီးချုပ်နာဂျစ် နှင့် အာဏာရ BN ပါတီဝင်များ ရွေးကောက်ပွဲစည်းရုံးရေး အင်တာနက်စာမျက်နှာဖွင့်ပွဲအခမ်းအနားတွင် အတူတကွတွေ့ ရစဉ်(ဆင်ဟွာ) Asia

ကွာလာလမ်ပူ ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ၌ ဇန်နဝါရီလ ၃ ရက်တွင် မလေးရှားအာဏာရပါတီ BN(Barisan Nasional) က လာမည့်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး တရားဝင်အင်တာနက်ဝက်ဘ်ဆိုက်စာမျက်နှာကို လွှင့်တင်ခဲ့ရာ ယင်းအခမ်းအနားသို့  မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇတ် (Najib Razak) ( ရှေ့ တန်း ဝဲ - တတိယမြောက်) ၊  ဒုတိယဝန်ကြီးချုပ် ဇာဟစ်ဟာမစ်(Zahid Hamidi) ( ရှေ့ တန်း ဝဲ - စတုတ္ထမြောက်) နှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မလေးရှားဝန်ကြီးချုပ်နာဂျစ် နှင့် အာဏာရ BN ပါတီဝင်များ ရွေးကောက်ပွဲစည်းရုံးရေး အင်တာနက်စာမျက်နှာဖွင့်ပွဲအခမ်းအနားတွင် အတူတကွတွေ့ ရစဉ်(ဆင်ဟွာ)

မလေးရှားဝန်ကြီးချုပ်နာဂျစ် နှင့် အာဏာရ BN ပါတီဝင်များ ရွေးကောက်ပွဲစည်းရုံးရေး အင်တာနက်စာမျက်နှာဖွင့်ပွဲအခမ်းအနားတွင် အတူတကွတွေ့ ရစဉ်(ဆင်ဟွာ)

မလေးရှားနိုင်ငံ၌ ၂ဝ၁၈ ခုနှစ် နှစ်လည်ပိုင်းတွင် အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ရှိနေပြီး ယင်းရွေးကောက်ပွဲတွင် အာဏာရပါတီအနေဖြင့် ထပ်မံအနိုင်ရစေရန် လက်ရှိဝန်ကြီးချုပ် နာဂျစ်ဦးဆောင်သော BN ပါတီဝင်များက ၄င်းတို့ ၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှု အင်တာနက်စာမျက်နှာကို လွှင့်တင်ခဲ့ခြင်းဖြစ်သည်။(Xinhua)