21
Thu, Mar
711 New Articles

အိန္ဒိယနိုင်ငံတွင် မီးလောင်ကျွမ်းမှုကြောင့် ဘားဝန်ထမ်း ၅ ဦး သေဆုံး

အိန္ဒိယနိုင်ငံတွင် မီးလောင်ကျွမ်းခဲ့သော ဘားနှင့် စားသောက်ဆိုင်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Asia

နယူးဒေလီ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း ဘန်ဂါလူရူမြို့ရှိ ဘားနှင့် စားသောက်ဆိုင် တစ်ခုတွင် ဇန်နဝါရီလ ၈ ရက်က မီးလောင်မှုကြီး ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

တာဝန်ရှိသူများ၏ အဆိုအရ သေဆုံးသူများမှာ ဘားတွင် အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း မီးလောင်မှု ဖြစ်ပွားနေစဉ် အိပ်ပျော်နေခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ ဒေသစံတော်ချိန် မနက် ၂း၃၀ နာရီဝန်းကျင်က Kalasipalyam ရှိ Kailash ဘားနှင့် စားသောက်ဆိုင်မှာ မီးလောင်ခဲ့တာပါ” ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

မီးလောင်မှုဖြစ်ပွားပြီးနောက် ယင်းနေရာသို့ မီးသတ်ဋ္ဌာနမှ တာဝန်ရှိသူများ ချက်ချင်းသွားရောက်ခဲ့ပြီး အခြားနေရာသို့ ပျံ့နှံ့ခြင်းမရှိစေရန် ထိန်းချုပ်ခဲ့ကြောင်း၊ မီးသတ်သမားများက နာရီအတော်ကြာ မီးငြှိမ်းသတ်ခဲ့ရသည်ဟု ဆိုသည်။

သေဆုံးသူရုပ်အလောင်းများအား ရင်ခွဲစစ်ဆေးရန် ယင်းမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး မီးလောင်ကျွမ်းရသည့် အကြောင်းရင်းအား စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)