22
Wed, Jan
463 New Articles

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဆိုင်ကယ်ဗုံးပေါက်ကွဲမှုကြောင့် လူ ၃ဦးသေဆုံး၊ ၁၉ဦး ဒဏ်ရာရရှိ

ထိုင်းနိုင်ငံ ယာလာပြည်နယ် သားငါးဈေးတစ်ခုတွင် ဆိုင်ကယ်ဗုံးပေါက်ကွဲခဲ့စဉ် (ဓါတ်ပုံ-အင်တာနက်) Asia

ဘန်ကောက်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတောင်ပိုင်း ယာလာပြည်နယ် ရှိ သားငါးဈေးတစ်ခုတွင် ဇန်နဝါရီ ၂၂ရက်က အင်အားပြင်းထန်သည့် လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ လူ ၃ဦးသေဆုံးပြီး အခြားလူ ၁၈ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြည်တွင်းသတင်းဋ္ဌာနများ၏ ဖော်ပြချက်အရ ဝက်သားရောင်းသည့် ဆိုင်တစ်ဆိုင် အနီး၌ ဇန်နဝါရီ ၂၂ရက် နံနက်ပိုင်း တွင် အမျိုးသားတစ်ဦးက ဆိုင်ကယ်လာရပ်သွားပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ဝက်သားဆိုင်ပိုင်ရှင်က ဆိုင်ကယ်အားနေရာရွှေ့ပေးရန် ပြောကြားခဲ့သော်လည်း အဆိုပါ အမျိုးသားသည့် အဝေးသို့ ထွက်ပြေးသွားကြောင်း သိရသည်။

ဆိုင်ပိုင်ရှင် က ဆိုင်ကယ်အား နေရာရွှေ့နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဆိုင်ပိုင်ရှင်အပါအဝင် အခြား ဈေးဝယ်သူတစ်ဦး အခင်းဖြစ်ပွားရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဈေးဝယ်သူများ နှင့် စည်ကားနေသည့် ဇန်နဝါရီ ၂၂ရက် နံနက်ပိုင်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ အနည်းဆုံး လူ၁၉ဦး ဒဏ်ရာရရှိခဲ့ပြီး ပေါက်ကွဲမှုသည် ပြင်းထန်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာချိန်တွင် ကုန်ပစ္စည်များပြန့်ကျဲလျက်ရှိပြီး ငိုယိုအော်ဟစ်နေသည့်ဈေးဝယ်သူများနှင့် ပြည့်နှက်နေကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်း၏ ဖော်ပြချက်အရသိရသည်။

ဒဏ်ရာရရှိသူများအနက် တစ်ဦးမှာ ဆေးရုံသို့ ရောက်ရှိစဉ်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ဗုံးသည် ချိန်ကိုက်ဗုံးတစ်လုံးဖြစ်ကြောင်း နှင့် လွန်ခဲ့သည့် ၂နှစ်၊ ၃နှစ်အတွင်း ဈေးအတွင်း ပထမဆုံးအကြိမ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

ဗုံးဖောက်ခွဲသူများသည် ယာလာပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းသစ်များကို နှင်ထုတ်ပြီး ဈေးအား လက်ဝါးကြီးအုပ်ရန် ကြိုးပမ်းနေသော တရားမဝင်စီးပွားရေးအုပ်စုများမှ ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ယာလာပြည်နယ်သည် မလေးရှားနယ်စပ်နှင့်ထိစပ်နေသည့် ထိုင်းနိုင်ငံ၏ တောင်ဘက်ဆုံးပြည်နယ် ၃ခုအနက် တစ်ခုဖြစ်ပြီး မတည်ငြိမ်သော ထိုင်းနိုင်ငံတောင်ပိုင်းတွင် ၂၀၀၄ခုနှစ်မှ စ၍ ခွဲထွက်ရေး ပဋိပက္ခများကြောင်း လူ ၆,၅၀၀ကျော်သေဆုံးခဲ့ရပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြသော်လည်း နိုင်ငံတောင်ဘက်ရှိ ဒေသအချို့အနက် ပြည်နယ်သုံးခုဖြစ်သည့် ယာလာ၊ ပက်တနီ နှင့် နာရာသီဝက် ပြည်နယ်များတွင် အများစုမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြပြီး ဆယ်စုနှစ်များစွာကတည်းက ဗဟိုအစိုးရ၏ အုပ်ချုပ်ရေးယန္တရားကို ဆန့်ကျင်ခဲ့ကြကြောင်း သိရသည်။ (Xinhua)