25
Fri, May
663 New Articles

အိန္ဒိယနိုင်ငံ ကပ္ပလီကျွန်းစုတွင် အင်အား ၅.၆ ပမာဏရှိ ငလျင်လှုပ်ခတ်သွား

ငလျင်လှုပ်ခတ်ခဲ့သည့် ကပ္ပလီကျွန်းစု အား မြေပုံ၌ တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်) Asia

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ကပ္ပလီကျွန်းစု၌ ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် အလယ်အလတ်အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ မိုးလေဝသဋ္ဌာန ၏ ထုတ်ပြန်ချက်အရ ဒေသစံတော်ချိန် နံနက် ၈း၀၉နာရီတွင် ရစ်ခ်ျတာစကေး ၅.၆ပမာဏ ရှိသည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်သည် မြောက်လတ္တီကျု ၁၂.၃ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၉၃.၀ဒီဂရီ ရှိ မြေပြင်အနက် ၁၀ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း အိန္ဒိယနိုင်ငံ မိုးလေဝသဋ္ဌာနကထုတ်ပြန်သည့် သတင်းအချက်အလက်အရ သိရသည်။

ကပ္ပလီကျွန်းစုသည် ဘင်္ဂလားပင်လယ်အော် နှင့် ကပ္ပလီပင်လယ် အကြားတွင် တည်ရှိကြောင်း သိရသည်။

ငလျင်ကြောင့် လူသေဆုံးမှု နှင့် ထိခိုက်ပစ္စည်းမှု သတင်းများ ထွက်ပေါ်လာခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)