21
Fri, Sep
685 New Articles

ဘင်္ဂလားဒေ့ရှ် ခရီးသည်တင် လေယာဉ် ပျက်ကျမှုတွင် သေဆုံးသူ ၄၉ ဦးရှိ

နီပေါ နိုင်ငံ ခတ္တမန္ဒူ လေဆိပ်၌ ပျက်ကျသွားသော လေယာဉ်အား တွေ့ ရစဉ်(ဆင်ဟွာ) Asia

ခတ္တမန္ဒူ ၊ မတ် ၁၂ ရက်(ဆင်ဟွာ)

နီပေါ နိုင်ငံ ၊ ခတ္တမန္ဒူ လေဆိပ် အနီး၌ မီးလောင်ကျွမ်း ပျက်ကျသွားသော ဘင်္ဂလားဒေ့ရှ် ခရီးသည်တင် လေယာဉ် ပေါ် လိုက်ပါလာသူများ အနက် ၄၉ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ယင်းလေယာဉ်ပေါ်တွင် လေယာဉ် အမှုထမ်း ၄ ဦး နှင့် ခရီးသည် ၆၇ ဦး လိုက်ပါ လာကြောင်း ၊ လေယာဉ်မှာ မြေပြင်သို့ ဆင်းသက်စဉ် မီးလောင်ကျွမ်း ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)