15
Sun, Sep
495 New Articles

အစိုးရအဖွဲ့ဝန်ကြီး သုံးဦးအား အမည်စာရင်း တင်သွင်းခြင်းနှင့် Council of elders ဖွဲ့စည်း

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် ကျမ်းသစ္စာကျိန်ဆိုနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ) Asia

ကွာလာလမ်ပူ၊ မေ ၁၂ ရက် (ဆင်ဟွာ)

အသစ်ရွေးကောက်ခြင်းခံထားရသော မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် (Mahathir Mohamad) သည် နိုင်ငံ့တာဝန်၏ ပထမဆုံးခြေလှမ်းအဖြစ် ၎င်း၏ “အစိုးရအဖွဲ့ငယ်” တွင် ဝန်ကြီးသုံးဦးအား အမည်စာရင်းတင်သွင်းခြင်းနှင့် အစိုးရအား အကြံပေးရန် “Council of elders” အား တည်ထောင်ကြောင်း ကြေညာခြင်းများ လုပ်ဆောင်ခဲ့သည်။

ဝန်ကြီးသစ် သုံးဦးမှာ Pakatan Harapan ညွန့်ပေါင်းပါတီများမှ ခေါင်းဆောင်များဖြစ်ပြီး ဘဏ္ဍာရေးဝန်ကြီး Lim Guan Eng ၊ ကာကွယ်ရေးဝန်ကြီး Mohamad Sabu နှင့် ပြည်ထဲရေးဝန်ကြီး Muhyiddin Yassin တို့ဖြစ်ကြောင်း သိရသည်။ (Xinhua)