21
Sun, Oct
741 New Articles

မလေးရှားဒုဝန်ကြီးချုပ်ဟောင်း အန်ဝါအီဗရာဟင် ထောင်မှ လွတ်မြောက်

အကျဉ်းထောင်မှ လွတ်မြောက်လာသော မလေးရှားဒုဝန်ကြီးချုပ်ဟောင်း အန်ဝါအီဗရာဟင်က ထောက်ခံသူများကို လက်ပြနှုတ်ဆက်နေစဉ်(ဆင်ဟွာ) Asia

ကွာလာလမ်ပူ ၊ မေ ၁၆ ရက်(ဆင်ဟွာ)

လိင်တူဆက်ဆံမှုစွပ်စွဲချက်ဖြင့် အကျဉ်းချခံထားရသော မလေးရှားနိုင်ငံဒုတိယဝန်ကြီးချုပ်ဟောင်း အန်ဝါအီဗရာဟင်(Anwar Ibrahim) သည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ (မေလ ၁၆ ရက်)တွင် ထောင်မှ လွတ်မြောက်လာကြောင်း သိရသည်။

အကျဉ်းထောင်မှ ထွက်လာသော အန်ဝါကို သတင်းထောက်များ နှင့် ၄င်းအား ထောက်ခံသည့် လူအုပ်ကြီးက စောင့်ကြိုခဲ့ကြသည်။

အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အသက် ၇ဝ နှစ်အရွယ်ရှိ အန်ဝါသည် နန်းတော်သို့ ဝင်ရောက်ပြီး မလေးရှားဘုရင်နှင့်တွေ့ ဆုံရန် ကားဖြင့် မထွက်ခွာမီ ၄င်းအားထောက်ခံသူများကို အပြုံးဖြင့် လက်ဝှေ့ ယမ်း နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ဘုရင့်နန်းတော်မှ ထုတ်ပြန်ချက်တွင် နိုင်ငံ့ဦးသျှောင်(သို့ မဟုတ်) ဘုရင်က အန်ဝါအား လွှတ်ပေးရန် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ လွတ်ငြိမ်းခွင့်အမိန့် တွင် အန်ဝါ အား နိုင်ငံရေးပြန်လည် လုပ်ကိုင်ရန်လည်း ခွင့်ပြုထားကြောင်း သိရသည်။

အန်ဝါသည် မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၉၈ ခုနှစ်တွင် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ ထိုစဉ်က ဝန်ကြီးချုပ်မဟာသီယာလက်အောက်တွင် လုပ်ကိုင်နေစဉ် လိင်တူဆက်ဆံမှု ၊ အဂတိလိုက်စားမှုဖြင့် နောက်ပိုင်းတွင် ထောင်းသွင်းအကျဉ်းချခံခဲ့ရခြင်းဖြစ်သည်။

၂ဝ၁၅ ခုနှစ်တွင် အတိုက်အခံခေါင်းဆောင်အဖြစ် ရှိနေစဉ် လိင်တူဆက်ဆံမှုဖြင့် နောက်ထပ်တစ်ဖန် ထောင်သွင်းအကျဉ်းချခံခဲ့ရသည်။ အန်ဝါက ၄င်းအား စွပ်စွဲထားသည့် စွဲချက်များကို ငြင်းဆန်ခဲ့ပြီး ယင်းမှာ နိုင်ငံရေးအရလုပ်ကြံမှုသာဖြစ်ကြောင်း ဆိုခဲ့သည်။

၂ဝ၁၆ ခုနှစ်မှ စတင်ကာ မဟာသီယာ နှင့် အန်ဝါ တို့ သည် လက်တွဲ၍ နာဂျစ်ရာဇက်ဦးဆောင်သော အစိုးရအဖွဲ့ ကို ဆန့် ကျင်ခဲ့ကြသည်။ ၄င်းတို့ ၏ မဟာမိတ် Pakatan Harapan ပါတီသည် ပြီးခဲ့သော ရက်သတ္တပတ်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။

မဟာသီယာသည် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး အန်ဝါအား ရာထူးလွှဲပြောင်းပေးရန်လည်း ကတိပြုထားကြောင်း သိရသည်။(Xinhua)