21
Sun, Oct
741 New Articles

ကာဇက်စတန် အိုလံပစ်ဆုရှင် စကိတ်စီးသမား ဓားထိုးသတ်ခံရ

ဓားထိုးသတ်ခံရသည့် အိုလံပစ်ဆုရှင် စကိတ်စီးသမား ဒန်းနစ်တန်း အားတွေ့ရစဉ် (ဆင်ဟွာ) Asia

အယ်မာတီ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) 

အိုလံပစ်ဆုရှင် စကိတ်စီးသမား ဒန်းနစ်တန်း သည် ၎င်း၏ ဇာတိဖြစ်သော ကာဇက်စတန်နိုင်ငံ တွင် ဇူလိုင် ၁၉ ရက် က ဓားထိုးခံရ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အယ်မာတီမြို့ ရဲတပ်ဖွဲ့က အသက် ၂၅နှစ်အရွယ်ရှိ ဒန်းနစ်တန်း သည် ၎င်း၏ ကားမှ မှန်များအား ခိုးယူရန်ကြိုးစားသည့် အမျိုးသား၂ဦး နှင့် လုံးထွေးသတ်ပုတ်စဉ် ဓားထိုးခံလိုက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။နိုင်ငံတကာစကိတ်အားကစားသမဂ္ဂ (ISU) က ၂၀၁၄ခုနှစ် ဆိုချီ ဆောင်းရာသီအိုလံပစ်အားကစားပွဲတော် ၌ ကြေးတံဆိပ်ဆွတ်ခူးခဲ့သူ ဒန်းနစ်တန်း သေဆုံးမှုအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)