10
Mon, Dec
666 New Articles

အင်ဒိုနီးရှားနိုင်ငံတွင် ပြင်းအား ၅.၉ ရှိ ငလျင်လှုပ်

အင်ဒိုနီးရှားနိုင်ငံ Lombok မြောက်ပိုင်းတွင် ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အပျက်အစီးများကြားမှ ဒဏ်ရာရသူတစ်ဦးအား ကယ်ဆယ်လာသည်ကို သြဂုတ်လ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ) Asia

ဟောင်ကောင်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ တိုဒိုကျွန်း အရှေ့တောင်ဘက် ၃ ကီလိုမီတာတွင် သြဂုတ်လ ၉ ရက် ဂရင်းနစ်စံတော်ချိန် ၅း ၂၅း ၃၁ နာရီ၌ အင်အား ၅.၉ ပမာဏရှိသော အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေးက ပြောကြားခဲ့သည်။

အဆိုပါ ငလျင်မှာ တောင်လတ္တီကျု ၈.၃၉၃၉ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၁၁၆.၂၀၇၈ ဒီဂရီအကြား မြေအောက်အနက် ၁၀.၀ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Lombok ကျွန်းတွင် သြဂုတ်လ ၉ ရက်က ၆.၂ အင်အားပြင်း ငလျင်တစ်ခု နောက်ဆက်တွဲ လှုပ်ခတ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသနှင့် ဘူမိရူပဗေဒ လုပ်ငန်းမှ တာဝန်က ဆင်ဟွာသို့ ပြောခဲ့သည်။