21
Sun, Oct
740 New Articles

ဗီယက်နမ်နိုင်ငံ သမ္မတ အဖျားရောဂါဖြင့် ကွယ်လွန်

ဗီယက်နမ်နိုင်ငံ သမ္မတ ထရမ်ဒိုင်ကွမ် (Tran Dai Quang) အားတွေ့ရစဉ် (ဆင်ဟွာ) Asia

ဟနွိုင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ သမ္မတ ထရမ်ဒိုင်ကွမ် (Tran Dai Quang) သည် ရောဂါဝေဒနာအား အချိန်ကြာမြင့်စွာ ခံစားခဲ့ပြီးနောက် ဟနွိုင်းမြို့ရှိ ဆေးရုံတစ်ခု ၌ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ကြောင်း၊ ကွယ်လွန်ချိန်တွင် အသက် ၆၁နှစ်ရှိပြီဖြစ်ကြောင်း ဗီယက်နမ်သတင်းဌာန က ဖော်ပြခဲ့သည်။

ကွမ်အား ၁၉၅၆ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် ဗီယက်နမ်နိုင်ငံ Ninh Binh ပြည်နယ် တွင်မွေးဖွားခဲ့ကြောင်း သိရသည်။ ၎င်းသည် ဥပဒေဆိုင်ရာ ဒေါက်တာဘွဲ့၊ တရုတ်ဘာသားစကားဆိုင်ရာ မာစတာဘွဲ့များ ရရှိခဲ့ပြီး ၂၀၀၉ခုနှစ်တွင် ပါမောက္ခအဖြစ် အပ်နှင်းခံရကြောင်း သိရသည်။၂၀၁၆ခုနှစ် ဧပြီလတွင် ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော်က ကွမ်အား ဗီယက်နမ်နိုင်ငံ၏ သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။ (Xinhua)