ဒေလီအကြီးတန်းရဲအရာရှိ တစ်ဦး ရုံးခန်းအတွင်း အဆုံးစီရင်သွား

မိမိကိုယ်ကို အဆုံးစီရင်သွားသည့် ဒုတိယရဲမင်းကြီး Prem Ballabhအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်) Asia

နယူးဒေလီ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် ဒေလီအကြီးတန်းရဲအရာရှိတစ်ဦးသည် နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ရဲဌာနချုပ် ၏ ၁၀လွှာမြောက်မှ ခုန်ချသတ်သေသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရဲအရာရှိသည် ဒုတိယရဲမင်းကြီး Prem Ballabh ဖြစ်ကြောင်း ဒေလီရဲသတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။

ရဲဌာနချုပ်သည် မြို့၏ အလယ်ခေါင်ဖြစ်သော I.T.O ဧရိယာတွင် တည်ရှိပြီး နောက်ကွယ်ကအကြောင်းရင်းကို မသိရှိရသေးကြောင်းသိရသည်။

အဆိုပါ ဖြစ်ရပ်ကြောင့် ဒေလီမြို့တွင် ထိတ်လန့်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)