12
Wed, Dec
656 New Articles

အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းတွင် အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်

ငလျင်လှုပ်ခတ်မှုကြိမ်နှုန်းပြပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Asia

ဂျကာတာ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အယ်ပိုင်း Nusa Tenggara ပြည်နယ်အနောက်ပိုင်း Lombok ကျွန်းအနောက်ပိုင်းတွင် ဒီဇင်ဘာလ ၆ ရက် အစောပိုင်းက အင်အား ၅.၇ ရှိသော ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဘူမိရူပဗေဒလုပ်ငန်းက ပြောကြားလိုက်သည်။

အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၈း၀၂ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်နယ်မြို့တော် Mataram အနောက်မြောက်ဘက် ၂၃ ကီလိုမီတာနှင့် မြေအောက်အနက် ၁၀ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းလုပ်ငန်း၏ တာဝန်ရှိသူ မိုဟာမတ် ဖာဒီလ်က တယ်လီဖုန်းမှတစ်ဆင့် ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ်ငလျင်စက်ဝန်းဟုခေါ်သော ငလျင်ဇုန်ပေါ်တွင် တည်ရှိသောကြောင့် မကြာခဏ ငလျင်ဖြစ်ပွားလေ့ရှိသည်။ (Xinhua)