22
Thu, Aug
523 New Articles

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရ ၀န်ကြီးအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆို

အစိုးရ၀န်ကြီးအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတ Abdul Hamid နှင့် ၀န်ကြီးချုပ် Hasina အား တွေ့ရစဉ်(ဆင်ဟွာ) Asia

ဒါကာ ၊ ဇန်န၀ါရီ ၈  ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတ Abdul Hamid ကြီးမှူးသည့် အစိုးရ၀န်ကြီးအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ဇန်န၀ါရီ ၇ ရက်က သမ္မတအိမ်တော်တွင် ကျင်းပခဲ့ရာ ၀န်ကြီးချုပ်အပါအ၀င် ၀န်ကြီး ၄၇ ဦး ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။

ယခုအစိုးရ ၀န်ကြီးအဖွဲ့သစ်တွင် ၀န်ကြီးချုပ် ၁ ဦး၊ အစိုးရအဖွဲ့ဝင် ၀န်ကြီး ၂၄ ဦး၊ ပြည်နယ် ၀န်ကြီး ၁၉ ဦးနှင့် ဒုတိယ၀န်ကြီး ၃ ဦး ပါဝင်ကြောင်း သိရသည်။Awami Leagueပါတီဥက္ကဋ္ဌ Hasina သည် ၀န်ကြီးချုပ်နေရာကို သုံးကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့ခြင်း ဖြစ်ပြီး ၄င်းသည် ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိလည်း ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသေး၍ ယခုအကြိမ်သည် စတုတ္ထအကြိမ်မြောက် တာဝန်ထမ်းဆောင်ခြင်း ဖြစ်ကြောင်းသိရသည်။ 

ယခင် ၀န်ကြီးအဖွဲ့နှင့်ယှဉ်လျှင် ယခုဝန်ကြီးအဖွဲ့၏အဖွဲ့ဝင်အားလုံးက Awami Leagueပါတီမှဖြစ်ပြီး မျက်နှာသစ်အနေဖြင့် ၃၁ ဦးပါဝင်ကာ  အသက်အရွယ်အပိုင်းအရ ပိုငယ်ကြောင်း သိရသည်။၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် ကျင်းပသည့်  ၁၁ ကြိမ်မြောက် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွင် Hasina ဦးဆောင်သည့် Awami Leagueပါတီက လွှတ်တော်အမတ်နေရာ ထက်ဝက်ကျော်ကိုအနိုင်ရရှိခဲ့ပြီး သုံးကြိမ်ဆက်တိုက် အာဏာရပါတီအဖြစ် တည်ရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)