25
Thu, Apr
605 New Articles

အသက် ၁၁၃ နှစ်ရှိ ဂျပန်နိုင်ငံမှ ကမ္ဘာ့ အသက်အကြီးဆုံး အဖိုးအို ကွယ်လွန်

အသက် ၁၁၃ နှစ်အရွယ် ကမ္ဘာ့ အသက်အကြီးဆုံး အဖိုးအို မာဆာဇိုအားတွေ့ ရစဉ်(ဆင်ဟွာ) Asia

တိုကျို ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံမှ အသက် ၁၁၃ နှစ်အရွယ် လက်ရှိ ကမ္ဘာ့ အသက်အကြီးဆုံး အဖိုးအို မာဆာဇိုနိုနာကာ ( Masazo Nonaka) သည် ဇန်နဝါရီ ၂ဝ ရက်တွင် ၄င်း၏ နေအိမ်၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း ဂျပန်မီဒီယာက ရေးသားဖော်ပြခဲ့သည်။

အဖိုးအို နိုနာကာ အား ၁၉ဝ၅ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် ဂျပန်နိုင်ငံဟော့ကိုင်းဒိုးကျွန်း(Hokkaido) ၊ အက်စ်ဟောရိုမြို့ (Ashoro) ၌ မွေးဖွားခဲ့ပြီး ၄င်းသည် ၂ဝ၁၈ ခုနှစ်တွင် ကမ္ဘာ့ အသက်အကြီးဆုံး သက်ရှိထင်ရှား အမျိုးသားအဖြစ် ဂင်းနစ်စံချိန်စာအုပ်၌ မှတ်တမ်းဝင်ခဲ့သည်။

လက်ရှိအချိန်ထိ ကမ္ဘာ့ အသက်အကြီးဆုံး (အမျိုးသား) အဖြစ် ဂင်းနစ်စံချိန်တင်ထားသူမှာ ၂ဝ၁၃ ခုနှစ်က ဂျပန်နိုင်ငံ၌ ကွယ်လွန်ခဲ့သော  အသက် ၁၁၆ နှစ် ၅၄ ရက် အရွယ်ရှိ အဖိုးအို ဂျီရိုမွန်ကီမုရာ(Jiroemon Kimura) ဖြစ်သည်။

ဂင်းနစ်မှတ်တမ်းများအရ ကမ္ဘာ့ အသက်အကြီးဆုံး(လူသား)အဖြစ် စံချိန်တင်ထားသူမှာ ၁၉၉၇ ခုနှစ်တွင် အသက် ၁၂၂ နှစ် ၁၆၄ ရက်ဖြင့် ကွယ်လွန်ခဲ့သော ပြင်သစ်အဖွားအို ဂျင်နီကောမန်း(Jeanne Calment) ဖြစ်ကြောင်း သိရသည်။(Xinhua)