16
Sat, Feb
653 New Articles

ဒုတိယအကြိမ် မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးအစည်းအဝေးအတွက် တောင်ကိုရီးယား နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Kang Kyung-wha (ဝဲ) နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo (ယာ) တို့ ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၆ ရက်က အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌တွေ့ဆုံစဉ် (ဆင်ဟွာ) Asia

ဆိုးလ်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) 

တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Kang Kyung-wha နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တို့သည် မြောက်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံ အကြား ဒုတိယအကြိမ်ထိပ်သီးအစည်းအဝေး နှင့် ပတ်သက်၍ ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။

Kang နှင့် Pompeo တို့သည် ဒေသစံတော်ချိန် နံနက် ၉း၃၀နာရီ မှ နာရီဝက်ကြာ တယ်လီဖုန်းဖြင့် ဆွေးနွေးပြောဆိုခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ (WPK) ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ Kim Yong Chol ၏ အမေရိကန်ခရီးစဉ်၊ မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်း နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား ဒုတိယအကြိမ်ထိပ်သီးအစည်းအဝေး နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။

ကင် နှင့် ထရမ့်တို့အကြား ပထမအကြိမ် ထိပ်သီးအစည်းအဝေးကို ၂၀၁၈ခုနှစ် ဇွန်လတွင် စင်ကာပူနိုင်ငံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အိမ်ဖြူတော်က ဒုတိယအကြိမ်မြောက် ကင်-ထရမ့် ထိပ်သီးအစည်းအဝေးကို ဖေဖော်ဝါရီလအကုန်လောက်တွင် ကျင်းပနိုင်ခြေရှိကြောင်း ဇန်နဝါရီ ၁၈ရက်ကပြောကြားခဲ့သည်။ (Xinhua)