25
Thu, Apr
605 New Articles

ဘင်္ဂလားပင်လယ်အော်တွင် အင်အား ၅.၁ ပမာဏရှိသော ငလျင်လှုပ်

ငလျင်လှုပ်ခတ်မှုကြိမ်နှုန်းပြပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Asia

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ရေပိုင်နက်အတွင်းရှိ ဘင်္ဂလားပင်လယ်အော်တွင် ဖေဖော်ဝါရီလ ၁၂ ရက်က အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ မိုးလေဝသဌာန၏ အဆိုအရ ဒေသစံတော်ချိန် နံနက် ၇း၀၂ နာရီက အင်အား ၅.၁ ပမာဏရှိသော ငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

“ငလျင်ရဲ့ ဗဟိုချက်က မြောက်လတ္တီကျု ၁၄.၅ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၅.၇ ဒီဂရီ၊ မြေအောက်အနက် ၁၀ ကီလိုမီတာ ဖြစ်တယ်” ဟု မိုးလေဝသဌာနက ထုတ်ပြန်သော အချက်အလက်အရ သိရသည်။ 

ဘင်္ဂလားပင်လယ်အော်သည် အိန္ဒိယသမုဒ္ဒရာ၏ အရှေ့မြောက် အစိတ်အပိုင်းဖြစ်ပြီး အနောက်ဘက်နှင့် အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့ဘက်တွင် မြန်မာနိုင်ငံ၊ ကပ္ပလီပင်လယ်နှင့် နီကိုဘာကျွန်းများက ဝန်းရံထားသည်။

ငလျင်ကြောင့် တစ်စုံတစ်ရာ ပျက်စီးမှုရှိကြောင်း သတင်းများမရရှိသေးပေ။ (Xinhua)