25
Sat, May
582 New Articles

အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် လေကြောင်းပြသမှုအစမ်းလေ့ကျင့်စဉ် လေယာဉ်နှစ်စင်းတိုက်မိ

“ဆာရာကီရန် လေယာဉ်အလှပျံသန်းခြင်းအဖွဲ့” ၏ လေကြောင်းပြပွဲ အစမ်းလေ့ကျင့်မှုများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Asia

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း ဘန်ဂယ်လူရူမြို့ရှိ လေတပ်အခြေစိုက်စခန်းတွင် “၂၀၁၉ ခုနှစ် အိန္ဒိယလေကြောင်းပြပွဲ” အတွက် အစမ်းလေ့ကျင့်မှုပြုလုပ်ခဲ့ရာ “ဆာရာကီရန် လေယာဉ်အလှပျံသန်းခြင်းအဖွဲ့” ၏ လေယာဉ် နှစ်စင်း ဖေဖော်ဝါရီလ ၁၉ ရက်က ပျက်ကျခဲ့ကြောင်း မီဒီယာသတင်းများအရ သိရသည်။

လေယာဉ်နှစ်စင်းလုံး၏ လေယာဉ်မှူးများမှာ လေယာဉ်အတွင်းမှ ဘေးကင်းစွာခုန်ထွက်နိုင်ခဲ့ကြောင်း၊ လေယာဉ်ပျက်ကျမှုကြောင့် လူသေဆုံးခြင်း သို့မဟုတ် မြေပြင်ပေါ်မှ အဆောက်အအုံ ပျက်စီးခြင်းမရှိကြောင်း သိရသည်။

လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍  အသေးစိတ်အချက်အလက်များအား မသိရသေးကြောင်း သတင်းများက ဆိုသည်။ (Xinhua)