အိန္ဒိယနိုင်ငံမှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် IAF တိုက်လေယာဉ်ပျက်ကျမှုကြောင့် လူ ၂ ဦးသေဆုံး

အိန္ဒိယနိုင်ငံ IAF တိုက်လေယာဉ်ပျက်ကျနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Asia

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံမှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ၌ အိန္ဒိယ လေတပ် (IAF) တိုက်လေယာဉ်တစ်စင်း ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပျက်ကျခဲ့ပြီးနောက် လေယာဉ်မှူးတစ်ဦးနှင့် တွဲဖက်လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ တိုက်လေယာဉ်သည် အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ ဆရီနာဂါမြို့တောင်ဘက် ၃၃၄ ကီလိုမီတာခန့်အကွာရှိ ဘတ်ဂမ်ခရိုင် ဂရန်ကလန်ကျေးရွာ၌ ပျက်ကျခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ (ဖေဖော်ဝါရီ ၂၇ ရက်) ကွင်းပြင်တစ်ခုမှာ IAF တိုက်လေယာဉ် တစ်စင်း ပျက်ကျခဲ့တယ်။ လူနှစ်ယောက် သေဆုံးသွားခဲ့တယ်” ဟု ဘတ်ဂမ်တွင် တာဝန်ကျနေသော ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျရာနေရာတွင် လူအများ စုဝေးကြည့်ရှုခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ (Xinhua)