25
Thu, Apr
605 New Articles

ပါလ်ဝမ်မာတိုက်ခိုက်မှု၏ အဓိကကြိုးကိုင်သူကို အိန္ဒိယထိန်းချုပ်သည့် ကက်စမီးယားဒေသ၌ သုတ်သင်ရှင်းလင်းခဲ့

Mudasir Khan ပုန်းခိုသည့်နေအိမ်အား အိန္ဒိယရဲတပ်ဖွဲ့ က တိုက်ခိုက်ပြီးနောက် မြင်တွေ့ ရစဉ်(ဆင်ဟွာ) Asia

နယူးဒေလီ ၊ မတ် ၁၂ ရက် (ဆင်ဟွာ)

၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က ကက်ရှ်မီးယားပြည်နယ် ၊ ပါလ်ဝမ်မာမြို့ ၌ အိန္ဒိယရဲတပ်ဖွဲ့ လေ့ကျင့်ရေးသင်တန်းကျောင်း(CRPF)  တိုက်ခိုက်ခံရပြီး အနည်းဆုံး လုံခြုံရေးတပ်ဖွဲ့ ဝင် ၄ဝ ဦးသေဆုံးခဲ့ရသည့် ဖြစ်စဉ်တွင် နောက်ကွယ်မှ အဓိကကြိုးကိုင်သူ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်ကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ ဝင်များက မတ် ၁၁ ရက်တွင် သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံကြည်းတပ်မှ အဆင့်မြင့်အရာရှိတစ်ဦးက Pulwama ပါလ်ဝမ်မာ( Pulwama) တိုက်ခိုက်မှု၏ အဓိကကြိုးကိုင်သူမှာ Jaish-e-Mohammd(JeM) အစွန်းရောက်အကြမ်းဖက်အဖွဲ့ မှ မူဒါဆာခန်း (Mudasir Khan) ဖြစ်ကြောင်း ၊ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ က မတ် ၁ဝ ရက် ညပိုင်းတွင် အိန္ဒိယနိုင်ငံဘက်က ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားပြည်နယ် Tralဒေသ ၌ သုတ်သင်ရှင်းလင်းခဲ့သော စစ်သွေးကြွ သုံးဦးထဲတွင် ၄င်းပါဝင်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

Mudasir Khan ပုန်းခိုသည့်နေအိမ်အား အိန္ဒိယရဲတပ်ဖွဲ့ က တိုက်ခိုက်ပြီးနောက် မြင်တွေ့ ရစဉ်(ဆင်ဟွာ)

ပါလ်ဝမ်မာတိုက်ခိုက်မှုတွင် အဓိက လုပ်ဆောင်ခဲ့သူမှာ Mudasir ပင်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)