27
Mon, May
580 New Articles

ဗီယက်နမ်နိုင်ငံတွင် အလုပ်ရုံပြိုကျမှုကြောင့် အလုပ်သမား ၅ ဦး သေဆုံး

ဗီယက်နမ်နိုင်ငံ တောင်ပိုင်း ဗင်လုံပြည်နယ်ရှိ ဟောင်ဖူစက်မှုဇုံရှိ စက်ရုံတစ်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Asia

ဟိုချီမင်းစီးတီး၊ မတ် ၁၅ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ တောင်ပိုင်း ဗင်လုံပြည်နယ်ရှိ ဆောက်လက်စ အလုပ်ရုံတစ်ရုံ မတ်လ ၁၅ ရက်က ပြိုကျခဲ့သဖြင့် ဒေသခံ အလုပ်သမား ၅ ဦး သေဆုံးပြီး အခြားသူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။

လုံဟိုခရိုင်ရှိ ဟောင်ဖူစက်မှုဇုံရှိ အဆိုပါ အလုပ်ရုံနံရံများ ပြိုကျခဲ့ခြင်း ဖြစ်ပြီး ပွဲချင်းပြီးသေဆုံးသွားသည့် အမျိုးသမီး တစ်ဦး အပါအဝင် အလုပ်သမား ၅ ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ ရဲတပ်ဖွဲ့၏ ပြောကြားချက်အား ကိုးကား၍ VnExpress အွန်လိုင်းသတင်းစာက ရေးသားထားသည်။ထို့ပြင် ဒဏ်ရာရသူ ၄ ဦးအနက် ၂ ဦးမှာ စိုးရိမ်ဖွယ် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)