အင်ဒိုနီးရှားနိုင်ငံ ပါပူဝါဒေသ၌ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၄၂ ဦးသေဆုံး ၊ အများအပြားပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံအရှေ့ ဖျား ပါပူဝါပြည်နယ်၌ ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ကို တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်) Asia

ဂျကာတာ ၊ မတ် ၁၇ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံအရှေ့ ဖက်စွန်းရှိ ပါပူဝါပြည်နယ်တွင် မတ် ၁၆ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ လူပေါင်း ၄၂ ဦးကျော် သေဆုံးကာ အများအပြားပျောက်ဆုံးနေကြောင်း ဒေသဆိုင်ရာ သဘာဝဘေးအန္တရာယ် အေဂျင်စီက ယနေ့ (မတ် ၁၇ ရက်) တွင် ပြောကြားခဲ့သည်။

Jayapura ခရိုင်အတွင်းရှိ ကျေးရွာများစွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သဘာဝဘေးဒဏ်ကို အပြင်းအထန်ခံစားနေရကြောင်း ၊ လူပေါင်း ၂၁ ဦး ဆိုးရွာစွာဒဏ်ရာရရှိခဲ့ကြောင်းနှင့် အခြားလူ ၁၈ ဦးမှာ ဒဏ်ရာအနည်းငယ် ရရှိသွားကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့် ခွဲမှုအေဂျင်စီ အကြီးအကဲ က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

“ လူဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ရေကြီးမှုက ဒေသစံတော်ချိန် ည ၆ နာရီလောက်က စတင်ခဲ့တာပါ” ဟု ၄င်းအရာရှိက ဆိုသည်။ ရေဘေးကြောင့် လူပေါင်း ၃,ဝဝဝ ကျော် နေအိမ်များကို စွန့် ခွာခဲ့ရကြောင်း နှင့် လူနေအိမ် ၊ အဆောက်အအုံ ၊ တံတား နှင့် အခြားအခြေခံအဆောက်အအုံ ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ၄င်း ကဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့် ခွဲမှုအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘေးဒဏ်သင့်ပြည်သူများအတွက် အစားအစာများ ဖြန့် ဖြူးပေးခဲ့ပြီဖြစ်ကြောင်း နှင့် ကယ်ဆယ်ရေးဆိုင်ရာပူးပေါင်းအဖွဲ့ တစ်ဖွဲ့ ကိုလည်း ဖွဲ့ စည်းသွားမည်ဖြစ်ကြောင်း ဆိုသည်။ 

ရေဘေးသင့်ပြည်သူများကို ယာယီကယ်ဆယ်ရေးစခန်းများသို့ ပို့ ဆောင်ပေးခဲ့ကြောင်း နှင့် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးအစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။

မိုးသည်ထန်းစွာရွာသွန်းမှုကြောင့် မြေပြိုမှုများလည်းဖြစ်ပေါ်ခဲ့ပြီး ၊ မြစ်ချောင်းများလည်း ရေစီးသန်ခဲ့ကြောင်း သိရသည်။ မြေပြိုမှုဖြစ်ပေါ်ပြီးနောက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း Sutopo က ဆင်ဟွာသို့ ပြောသည်။(Xinhua)