အိန္ဒိယနိုင်ငံဘက်က ထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသတွင် ယာဉ်မတော်တဆမှု ဖြစ်ပွား၊ လူ ၁၁ ဦး သေဆုံး

အိန္ဒိယထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသတွင် ယခင်က ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတစ်ခုအား တွေ့ရစဉ်(ဓါတ်ပုံ-အင်တာနက်) Asia

နယူးဒေလီ၊ မတ် ၁၇ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံဘက်မှ ထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသတွင် မတ် ၁၆ ရက်က မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျမှုဖြစ်ပွားရာ အနည်ဆုံး လူ ၁၁ ဦး သေဆုံးပြီး  ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

အချင်းဖြစ်ရပ်မှာ အိန္ဒိယက ထိန်းချုပ်ထားသည့်  ကက်ရှ်မီးယားဒေသ Srinagar မြို့ တောင်ဘက် ၁၇၇ ကီလိုမီတာ အကွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့က ဆိုသည်။သေဆုံးသူ ၁၁ ဦးတွင် ကလေးငယ် ၅ ဦးပါဝင်ကြောင်း၊ ဒဏ်ရာရသူများအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထား ကြောင်း သိရသည်။ ယာဉ်မတော်မဆမှုနှင့်စပ်လျဉ်း၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

အိန္ဒိယဘက်က ထိန်းချုပ်သည့် ကက်ရှ်မီးယား ဒေသတွင် ဆိုးဝါးသည့် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိရာ ၀န်ပိုတင်ခြင်း ၊ ယာဉ်ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းနှင့် လမ်းအခြေအနေ ဆိုးဝါးခြင်းများကြောင့်  အဓိကဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)