22
Mon, Apr
608 New Articles

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတွင် ရထားနှင့် မော်တော်ဆိုက်ကယ် တိုက်မိပြီး လူ ၂ ဦးသေဆုံး

ဗီယက်နမ်နိုင်ငံရှိ ခရီးသည်တင်ရထားတစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Asia

ဟနွိုင်း၊ မတ် ၂၁ ရက် (ဆင်ဟွာ) 

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Hai Duong ပြည်နယ်တွင် မတ်လ ၂၁ ရက်က အမျိုးသမီး ၂ ဦး တင်ဆောင်လာသော မော်တော်ဆိုက်ကယ်နှင့် ခရီးသည်တင်ရထား တိုက်မိခဲ့ရာ အမျိုးသမီး ၂ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ထို့ပြင် အရံအတားမရှိသည့် ထိုနေရာတွင်ပင် ဒေသခံ ၂ ဦးသေဆုံးပြီး အခြားသူ ၃ ဦးဒဏ်ရာရရှိခဲ့သည့် ရထားနှင့်ကားတိုက်မှုတစ်ခုလည်း မတ်လအစောပိုင်းက ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ယာဉ်တိုက်မှု ၂,၈၂၂ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁,၃၅၆ ဦး ရှိခဲ့ကာ ဒဏ်ရာပြင်းထန်စွာ ရရှိသူ ၈၁၄ ဦးနှင့် ဒဏ်ရာအနည်းငယ်ရရှိသူ ၁,၃၅၅ ဦး ရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ ယာဉ်စည်းကမ်းထိန်းသိမ်းရေးဌာနထံမှ သိရသည်။ (Xinhua)