အင်ဒိုနီးရှားနိုင်ငံ ဘာလီလေဆိပ်တွင်မီးလောင်မှုဖြစ်ပွား၊ ခရီးသည်များအားဘေးလွတ်ရာသို့ပြောင်းရွှေ့

အင်ဒိုနီးရှားနိုင်ငံ ဘာလီရှိ I Gusti Ngurah Rai အပြည်ပြည်ဆိုင်ရာလေဆိပ်အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်) Asia

ဂျကာတာ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

 

အင်ဒိုနီးရှားနိုင်ငံ ဘာလီရှိ I Gusti Ngurah Rai အပြည်ပြည်ဆိုင်ရာလေဆိပ် အဆောက်အအုံအမှတ် (၁)တွင် ဧပြီလ ၁၉ ရက်နေ့က မီးလောင်မှုဖြစ်ပွားရာ၊ ရာနှင့်ချီသည့်ခရီးသည်များ သောင်တင်ခဲ့ရကြောင်း  သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိကပြောသည်။ 

ဒေသစံတော်ချိန် ညနေ ၁၆း၅၀ နာရီ တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး အစီရင်ခံစာအရ လူများကိုအဝေးသို့ ရွှေ့ပြောင်းပြီးဖြစ်သည့်အတွက် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း၊ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Hengki Angkasawan က ဆင်ဟွာကိုတယ်လီဖုန်းမှတစ်ဆင့်ဖြေကြားသည်။

 

 “မီးလောင်သွားလို့ လေယာဉ်ခရီးစဉ် ၁၉ခု  နောက်ကျခြင်းနဲ့ဖျက်သိမ်းခြင်းတို့ဖြစ်ခဲ့ရတယ်’’ ဟု ၎င်းကဆိုသည်။

အဆိုပါမီးသည် ပြည်တွင်းထွက်ခွါနှင့် ဆိုက်ရောက်အဆောက်အအုံတွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး  ဒေသစံတော်ချိန် ညနေ ၁၇း၂၀ နာရီ  တွင်  မီးငြိမ်းရာ လေဆိပ်လုပ်ငန်းများပြန်လည်လည်ပတ်ခဲ့ကြောင်း Hengki ကဆိုသည်။ 

ခရီးသည်အားလုံးဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ကြောင်း၊ ၎င်းကဆိုသည်။ 

I Gusti Ngurah Rai အပြည်ပြည်ဆိုင်ရာလေဆိပ် ကအများအားဖြင့် ပြည်တွင်း နှင့် ပြည်ပ အားလပ်ရက်ခရီးသွားလာသူများ ဖြင့် စည်ကားသည့် လေဆိပ်တစ်ခုဖြစ်သည်။  (Xinhua)