သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ၌ ပေါက်ကွဲမှု ၈ ကြိမ်ဖြစ်ပွားပြီးနောက် ညမထွက်ရအမိန့် ထုတ်ပြန်

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ၌ ပေါက်ကွဲမှုဖြစ်ပွားသော ဘုရားကျောင်းအားတွေ့ ရစဉ်(ဆင်ဟွာ) Asia

ကိုလံဘို ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ၌ ယနေ့ နံနက်ပိုင်းတွင် ပေါက်ကွဲမှု ၈ ကြိမ်ဖြစ်ပွားပြီးနောက် ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်ကြောင်း ရဲတပ်ဖွဲ့ က အတည်ပြုပြောကြားခဲ့သည်။

နောက်ဆုံးပေါက်ကွဲမှုမှာ မြို့ တော်မြောက်ပိုင်းရှိ Dematagoda ၌ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ ကဆိုသည်။

သီရိလင်္ကာနိုင်ငံအစိုးရက ယနေ့ ဧပြီ ၂၁ ရက် ညနေ ၆ နာရီ မှ နောက်တစ်နေ့ ဧပြီ ၂၂ ရက် နံနက် ၆ နာရီအထိ တစ်နိုင်ငံလုံးတွင် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။(Xinhua)