ကနေဒါနှင့်ဖိလစ်ပိုင် နှစ်နိုင်ငံဆက်ဆံရေး အမှိုက်ကစ ပြာသာဒ်မီးလောင် ဖြစ်ရ

ကနေဒါနိုင်ငံမှ တင်ပို့ခဲ့သောစွန့်ပစ်အမှိုက်သရိုက်များ ကို ဖိလစ်ပိုင်နိုင်ငံ၊မနီလာမြို့၌ တွေ့ရစဉ်(အင်တာနက်) Asia

မနီလာ၊မေ ၂၂ ရက်(ဆင်ဟွာ)

အသစ်တဖန်ပြန်လည်ထုတ်လုပ်အသုံးပြုနိုင်သောစွန့်ပစ်ပစ္စည်းများအဖြစ် ကနေဒါနိုင်ငံပုဂ္ဂလိကကုမ္ပ ဏီ တစ်ခုက ကနေဒါမှဖိလစ်ပိုင် သို့ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များအတွင်းက ကုန်သေတ္တာ ၁၀၀ ကျော်ဖြင့် တင်ပို့ခဲ့သောအမှိုက်သရိုက်များကြောင့် ကနေဒါနိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံ တို့အကြား ဆက်ဆံ ရေး မှာ အမှိုက်ကစ ပြာသာဒ်မီးလောင် ဆိုသည့်အတိုင်း ထိခိုက်နေရကြောင်းသိရသည်။

အဆိုပါ စွန့်ပစ်အမှိုက်သရိုက်များက ဖိလစ်ပိုင်နိုင်ငံအတွင်းရောက်ရှိလာခဲ့သည်မှာခြောက်နှစ်ခန့်ရှိလာ ခဲ့ပြီဖြစ်သည်။၂၀၁၃ ခုနှစ်နှင့်၂၀၁၄ ခုနှစ်တို့တွင်အဆိုပါအမှိုက်သရိုက်များကိုကုန်သေတ္တာအလုံးပေါင်း ၁၀၃ လုံးဖြင့်ကနေဒါကုမ္ပဏီတစ်ခုကတင်ပို့ခဲ့ခြင်းဟုသိရသည်။၎င်းတို့အနက်ကုန်သေတ္တာအလုံး ၆၉ လုံးကို မနီလာဆိပ်ကမ်းနှင့်မနီလာမြို့မြောက်ဘက်ရှိ ဆူးဘစ် အခွန်လွတ်ဆိပ်ကမ်းတို့တွင်ပိုးမွှားများမ ကူးစက်စေရန်ခွဲထားပြီး ကုန်သေတ္တာ ၃၄ လုံးကိုစွန့်ပစ်ဖယ်ရှားခဲ့ပြီးဖြစ်ကြောင်းသိရသည်။

အဆိုပါကုန်သေတ္တာများရောက်ရှိလာစဉ်ကပြန်လည်ထုတ်လုပ်အသုံးပြုနိုင်သောစွန့်ပစ်ပစ္စည်းများဟုဆိုခဲ့သော်လည်း ဖိလစ်ပိုင်အကောက်ခွန်ဌာနက ၎င်းတို့တွင်အိမ်သုံးစွန့်ပစ်အမှိုက်သရိုက်များ၊ပလတ်စ တစ်ပုလင်းခွံများ၊အိတ်အဟောင်းများ၊သတင်းစာစက္ကူများနှင့်အဝတ်စဟောင်းများစသည်တို့ သာပါဝင် ကြောင်းတွေ့ရှိခဲ့ရသည်။ထို့ကြောင့်လည်း ၂၀၁၄ ခုနှစ်မတ်လတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန က ဖိလစ်ပိုင်နိုင်ငံဆိုင်ရာကနေဒါသံရုံးသို့ အဆိုပါကုန်သေတ္တာများအားပြန်လည်သယ်ယူပါရန်တောင်း ဆိုမှုတစ်ရပ်ပြုလုပ်ခဲ့သည်။သို့သော်သုံးလအကြာတွင် ကနေဒါသံအမတ်က အဆိုပါကုမ္ပဏီအားကနေ ဒါသို့အမှိုက်ကုန်သေတ္တာများပြန်လည်သယ်ယူရေးဖိအားပေးရန် ကနေဒါအစိုးရတွင် ပြည်တွင်း (သို့မ ဟုတ်)နိုင်ငံတကာလုပ်ပိုင်ခွင့်မရှိပါကြောင်း၊သို့သော်ဖိလစ်ပိုင်နိုင်ငံဥပဒေအရဖိလစ်ပိုင်နိုင်ငံတွင်အမှိုက် ကုန်သေတ္တာများပြဿနာကိုဖြေရှင်းဆောင်ရွက်ပေးလိုပါကြောင်းအကြောင်းပြန်ခဲ့သည်။

ထို့ကြောင့်လည်းဖိလစ်ပိုင်နိုင်ငံမှသဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအုပ်စုများကကနေဒါအစိုးရအပေါ် ကန့်ကွက်ရှုတ်ချမှုများပြုလုပ်ခဲ့ကြသည်။၂၀၁၇ ခုနှစ်နိုဝင်ဘာလတွင်ကနေဒါဝန်ကြီးချုပ် ထရူးဒေါ က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့အာဆီယံထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန်ရောက်ရှိလာစဉ်၌လည်း၎င်း က ၂၀၁၆ ခုနှစ်အတွင်းကနေဒါနိုင်ငံ၏စည်းမျဉ်းများကိုပြင်ဆင်ပြီးဖြစ်၍ အမှိုက်ကုန်သေတ္တာများကိုပြန် လည်သယ်ယူရန်မှာ အယူအဆပိုင်းအရဖြစ်နိုင်ကြောင်းပြောခဲ့ပြန်သည်။ သို့သော် မည်သူအကုန်အကျ ခံမည်၊မည်သူကငွေကြေးတာဝန်ယူမည်နှင့်ဖြစ်ပေါ်လာနိုင်သောအကျိုးဆက်များအတွက် အတားအ ဆီးများစွာရှိနေကြောင်း ၎င်းကပြောခဲ့သည်။

၂၀၁၇ ခုနှစ်၊ဧပြီလ၌ပင်ဖိလစ်ပိုင်နိုင်ငံသမ္မတ ရိုဒရီဂို ဒူတာတေး က ကနေဒါနိုင်ငံအနေဖြင့်ထိုကိစ္စတွင် ထိထိရောက်ရောက်ဖြေရှင်းဆောင်ရွက်မှုမရှိခြင်းအပေါ်ပြစ်တင်ပြောကြားခဲ့သည်။ထို့ပြင် ဒူတာတေးက ကနေဒါအစိုးရအနေဖြင့်ကြာရှည်လှပြီဖြစ်သောအမှိုက်ပြဿနာကိုဖြေရှင်းရန်ဆက်လက်ငြင်းဆိုနေပါ က ထိုအမှိုက်များကိုသဘောၤဖြင့်တင်၍ ကနေဒါကမ်းရိုးတန်းသို့သွားရောက်စွန့်ပစ်ရလိမ့်မည်ဖြစ်ပြီးအ ချို့ကို မနီလာရှိ ကနေဒါသံရုံး၌စုပုံရလိမ့်မည်ဟု ပြောကြားခဲ့သည်။

ထို့နောက်တွင်မူသမ္မတဒူတာတေး က ကနေဒါအစိုးရအားဆွေးမြည့်ပုပ်သိုးနေသောအမှိုက်သရိုက်များ ကိုအကုန်အကျခံပြန်လည်သယ်ဆောင်ရေးအတွက် ကြေညာချက်ထုတ်ရန်အဆက်မပြတ်ပြောကြားခဲ့ သည်။ နောက်ဆုံးတွင်၎င်းကအမှိုက်သရိုက်ကုန်သေတ္တာများကို ၂၀၁၉ ခုနှစ်၊မေလ ၁၅ ရက်အပြီးထား သယ်ရန်ပြောခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားဆက်ဆံရေးကောင်စီမှ တွဲဘက်သုတေသန အဖွဲ့ဝင်လူကြီးဖြစ်သူ အယ်ရွန်ရာ ဘီနာကဖိလစ်ပိုင်နိုင်ငံအနေဖြင့်ကနေဒါနိုင်ငံ၏ဤကိစ္စကိုကာလကြာရှည်အရေးယူဆောင်ရွက်မှုမပြုဘဲ နေခြင်းအား မကျေမနပ်ဖြစ် စိတ်ဆိုးထိုက်ကြောင်း၊ စွန့်ပစ်အမှိုက်သရိုက်များက အပြုသဘော မ ဆောင်သည့့််အဓိပ္ပါယ်သာရှိသည်မှာပေါ်လွင်ကြောင်း၊ ၎င်းတို့ကိုဖိလစ်ပိုင်နိုင်ငံသို့ ပို့ခြင်းက ဖိလစ်ပိုင် နိုင်ငံံ၏ ဂုဏ်သိက္ခာနှင့်အမှတ်သညာကို အလေးမထားပြုလုပ်ခြင်းဖြစ်သကဲ့သို့ ထိခိုက်လျော့ပါးစေပါ ကြောင်းဖြင့် ဆင်ဟွာသတင်းဌာနသို့ပြောခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသမ္မတရိုဒရီဂိုဒူတာတေးကအမှိုက်များအားပြန်သယ်ရန်နောက်ဆုံးနေ့အဖြစ်ပြောခဲ့သော မေလ ၁၅ ရက်ကျော်လွန်ပြီးနောက် မေလ ၁၆ ရက်တွင်မူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တိုဒိုရိုလော့ခ် ဆင် က ကနေဒါနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီးနှင့်ကောင်စစ်ဝန်တို့အား ပြန်လည်ခေါ်ယူခဲ့ ကြောင်း တွစ်တာစာမျက်နှာတွင်ရေးသားခဲ့သည်။၎င်းက ကနေဒါအနေဖြင့်အမှိုက်သရိုက်များကိုပြန် လည်သယ်ယူပြီးသည်အထိ ကနေဒါနိုင်ငံ၌ ဖိလစ်ပိုင်နိုင်ငံ၏သံတမန်ဆက်ဆံရေးအဆင့်တည်ရှိမှုကို လျှော့ချထားမည်ဟုလည်းပြောကြားခဲ့သည်။ကနေဒါအစိုးရကမူ ဖိလစ်ပိုင်နိုင်ငံကသံတမန်များအား ပြန်လည်ခေါ်ယူမှုအတွက်စိတ်ပျက်မိပါကြောင်း၊သို့သော်ဤကိစ္စတွင်လျင်မြန်သောဆုံးဖြတ်ချက်တစ် ရပ်ချမှတ်နိုင်ရေးအာမခံနိုင်ရန် ကနေဒါအစိုးရအနေဖြင့် ဖိလစ်ပိုင်အစိုးရနှင့်အနီးကပ်ဆက်သွယ်ကြိုး ပမ်းမှုဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသို့ အန္တရာယ်ဖြစ်စေနိုင်သောစွန့်ပစ်ပစ္စည်းများကို ပြည်ပနိုင်ငံများ၊အထူးသဖြင့်ဖွံ့ဖြိုးပြီး နိုင်ငံများကတင်ပို့စွန့်ပစ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုဖြစ်စေသော ပြဿနာမှာ ကာလကြာရှည်စွာကပင်ဖြစ်ပွားနေခဲ့သောကိစ္စတစ်ရပ်လည်းဖြစ်သည်။ဖိလစ်ပိုင်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအုပ်စုတစ်ခုဖြစ်သောBan Toxics ၏ဒုတိယအမှုဆောင်ညွှန်ကြား ရေးမှူး ရီနယ်လ်ဒိုဆန်ဂျွန် က “ဖိလစ်ပိုင်လိုဖွံ့ဖြိုးဆဲနိုင်ငံလေးတွေမှာကျတော့ဒီလိုအမှိုက်သရိုက်တွေ ကိုလာပြီးစွန့်ပစ်ဖို့ကကုန်ကျစရိတ်သက်သာမယ်၊အလုပ်သမားခလည်းဈေးပေါမယ်၊ပတ်ဝန်းကျင်ထိန်း သိမ်းမှုဆိုင်ရာနဲ့ ကျန်းမာရေးဆိုင်ရာစည်းမျဉ်းသတ်မှတ်ချက်တွေကလည်း အကျိုးသက်ရောက်မှုသိပ် မရှိနိုင်ဘူး၊ ဒါကြောင့်ချမ်းသာတဲ့နိုင်ငံကြီးတွေက သူတို့ရဲ့စီးပွားရေးအခြေအနေ နဲ့ ဒါကိုအမြတ်ထုတ်၊ ဆင်းရဲတဲ့နိုင်ငံလေးတွေအပေါ် အမှိုက်သရိုက်တွေကို အသစ်တဖန်ပြန်လည်ထုတ်လုပ် အသုံးပြုနိုင် တဲ့ဲ့စွန့်ပစ်ပစ္စည်းတွေအဖြစ် လာရောက်စွန့်ပစ်ကြတာပဲ” ဟုပြောကြားခဲ့သည်။

၎င်းကဆက်လက်၍ “ဆင်းရဲတဲ့နိုင်ငံလေးတွေမှာက အလုပ်အကိုင်တွေကလည်းလိုအပ်တယ်။ဒီတော့ သူတို့က ဒီအဆိပ်ဖြစ်စေတဲ့စွန့်ပစ်ပစ္စည်းတွေ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့အမှိုက်သရိုက်တွေကို အသုံး ပြုနိုင်တဲ့ပစ္စည်းတွေဖြစ်အောင်ပြန်လည်ထုတ်လုပ်ရတာကိုပဲ အလုပ်အကိုင်ဖန်တီးပေးမယ့်နည်းလမ်း တစ်ရပ်အဖြစ်ယူဆကြရတယ်။ဒါက ကနေဒါ လိုနိုင်ငံတွေကတွန်းအားပေးခဲ့တဲ့ အယူအဆလွဲမှားတဲ့မူ ဝါဒပေါ့” ဟုပြောခဲ့သေးသည်။

ထိုကဲ့သို့သောအခြေအနေမျိုးကိုကာကွယ်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံကအစိုင်အခဲဖြစ်သောစွန့်ပစ် ပစ္စည်းများအပေါ်တင်းတင်းကျပ်ကျပ်ပိတ်ပင်မှုတစ်ရပ် အား ၂၀၁၈ ခုနှစ်ကုန်မှစ၍ ပြုလုပ်ခဲ့သည်။ထ စည်းကမ်းသတ်မှတ်ချက်အရ အစိုင်အခဲဖြစ်သောစွန့်ပစ်ပစ္စည်း ၃၂ မျိုးကိုတရုတ်နိုင်ငံကပြည်တွင်းသို့ တင်သွင်းခြင်းပိတ်ပင်ထားခဲ့သည်။တရုတ်နိုင်ငံအကောက်ခွန်ဌာန၏ပြောကြားချက်အရ ၂၀၁၉ ခုနှစ်၏ ပထမနှစ်လအတွင်းတရုတ်နိုင်ငံသို့ ပလတ်စတစ်၊စက္ကူနှင့်သတ္တုအမှိုက်သရိုက်စွန့်ပစ်ပစ္စည်းများတင် သွင်းမှုက ၂ ဒသမ ၆၅ တန်ရှိခဲ့ရာ ၂၀၁၈ ခုနှစ်အလားတူကာလထက် ၂၂ ဒသမ ၉ ရာခိုင်နှုန်းလျော့ ကျသွားခဲ့ခြင်းဟုသိရသည်။

ထို့ကြောင့်လည်းမစ္စတာ ရီနယ်လ်ဒိုဆန်ဂျွန် က ဖိလစ်ပိုင်နိုင်ငံအနေဖြင့်လည်းတရုတ်နိုင်ငံ၏နမူနာအ တိုင်းဆောင်ရွက်သင့်ပြီဖြစ်ကြောင်း၊တရုတ်နိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံတို့အနေဖြင့် အခြားသောအာရှနိုင်ငံ များနှင့်အတူ အာရှဒေသသို့အဆိပ်ဖြစ်စေသောစွန့်ပစ်ပစ္စည်းများစုပုံဝင်ရောက်မှုကို လက်တွဲကာကွယ် ကြရမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ နှင့် ကနေဒါနိုင်ငံအကြား စွန့်ပစ်အမှိုက်ပြဿနာက ကာလကြာရှည်လာခဲ့သည်နှင့်အမျှ ဖိလစ်ပိုင်ပြည်သူတို့တွင်လည်းဤကိစ္စကို ပိုမိုသတိပြုအလေးထားမိလာကြသည်။လိပ်ခဲတင်းလင်းဖြစ် နေရသော ဤပြဿနာက ဒေသတွင်းရှိအခြားသောနိုင်ငံများကိုလည်းစွန့်ပစ်အမှိုက်များပြည်ပမှဝင် ရောက်မှုအပေါ်သတိပြုမိစေရန်လှုံ့ဆော်ပေးသကဲ့သို့ရှိသည်။ထို့ကြောင့်လည်းအနာဂတ်တွင် အာရှ နိုင်ငံများ အနေဖြင့်ပြည်ပမှစွန့်ပစ်အမှိုက်သရိုက်များဝင်ရောက်မှုကိုတင်းကျပ်သောဥပဒေ၊စည်းမျဉ်းတို့ ဖြင့်ကန့်သတ်သွားရန်လိုအပ်ပြီဟုဆိုရပေမည်။(Xinhua)