07
Sat, Dec
488 New Articles

အိန္ဒိယအထွေထွေရွေးကောက်ပွဲ မဲရေတွက်မှု စတင်

အိန္ဒိယနိုင်ငံအထွေထွေရွေးကောက်ပွဲတွင် မဲလာပေးနေသူများအားတွေ့ ရစဉ်(ဆင်ဟွာ) Asia

နယူးဒေလီ ၊ မေ ၂၃ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ ၁၇ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲ အတွက် မဲရေတွက်မှုကို မေ ၂၃ ရက် နံနက်တွင် စတင်ခဲ့ကြောင်း အိန္ဒိယရွေးကောက်ပွဲကော်မရှင်(ECI) က ဆိုသည်။

မဲပေးခွင့်ရှိသူ ပြည်သူသန်း ၉ဝဝ အနက် ၆၇ ရာခိုင်နှုန်းသည် နိုင်ငံတစ်ဝန်းရှိ မဲရုံပေါင်း ၁ သန်းကျော်၌ မဲပေးခဲ့ကြကြောင်း သိရသည်။

အိန္ဒိယရွေးကောက်ပွဲကော်မရှင်သတင်းအရင်းများအရ အစိုးရအရာရှိ ထောင်ပေါင်းများစွာသည် အီလက်ထရောနစ်မဲရေတွက်စက်(EVMs) ၂.၂၃ သန်းနီးပါးကို ဝင်ရောက် လုပ်ကိုင်ခဲ့ကြောင်း ၊ ထို့ပြင် အဆင့်မြင့်အစိုးရအရာကြီး ၁၆ဝဝ ကျော်သည် မဲရေတွက်မှုကို လေ့လာစောင့်ကြည့်သူများအဖြစ် အနီးကပ်စောင့်ကြည့်နေကြကြောင်း သိရသည်။

အိန္ဒိယရွေးကောက်ပွဲတစ်ခု၌ EVMs မဲရေတွက်စက်များတွင် မဲဆန္ဒရှင်များ အတည်ပြုစစ်ဆေးပြီးသော မဲပေးစနစ်( VVPATs) ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်ကြောင်း ၊ VVPATs စုစုပေါင်း ၁.၇၃ သန်းကို အသုံးပြုထားကြောင်း သိရသည်။

အဆိုပါ VVPATs အတည်ပြုစစ်ဆေးခြင်းစနစ်ကို စတင်မိတ်ဆက်အသုံးပြုသည့်အတွက် အပြီးသတ် မဲရလဒ်ထုတ်ဖော်ကြေညာရန် အချိန်အနည်းငယ် နှောင့်နှေးကြန့်ကြာမှု ဖြစ်ဖွယ်ရှိကြောင်း ECI အဆင့်မြင့်အရာရှိတစ်ဦးက ဆိုသည်။(Xinhua)