12
Thu, Dec
500 New Articles

အင်ဒိုနီးရှားနိုင်ငံ၏ ဘာလီရှိမီးတောင် ပေါက်ကွဲမှုဖြစ်ပွား၊ မီးတောင်ချော်ရည်များ မှုတ်ထုတ်

အင်ဒိုနီးရှားနိုင်ငံရှိ ဘာလီကျွန်းရှိ Agung မီးတောင်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Asia

ဂျကာတာ၊ မေ ၂၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံရှိ ဘာလီကျွန်းရှိ Agung မီးတောင်သည် မေလ ၂၄ ရက်က ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာနှင့် ချော်ရည်ပူများ မီးတောင်ဝမှ ၃ ကီလိုမီတာအကွာထိ မှုတ်ထုတ်နေခဲ့ကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ပြောခဲ့သည်။

အဆိုပါ မီးတောင်ပေါက်ကွဲမှုသည် အင်ဒိုနီးရှားအလယ်ပိုင်း စံတော်ချိန် (WITA) ၁၉း၃၀ နာရီကဖြစ်ပွားခဲ့ပြီး အချိန်အားဖြင့် ၄ မိနစ် ၃၀ စက္ကန့် ကြာမြင့်ကြောင်း အင်ဒိုနီးရှားနိုင်ငံ မီးတောင်နှင့် ဘူမိဗေဒ သဘာဝဘေး လျော့ပါးသက်သာရေးစင်တာ (PVMBG) က ပြောကြားခဲ့သည်။

မီးတောင်ပေါက်ကွဲမှု ချော်ရည်များနှင့် ကျောက်ခဲအပိုင်းအစများအား လေထဲသို့ တငွေ့ငွေ့ထုတ်လွှတ်နေခြင်းဖြစ်ပြီး မီးတောင်ထိပ်ကနေ ၂.၅ မှ ၃ ကီလိုမီတာဝန်းကျင်အထိ ကျရောက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် Agung မီးတောင်အား သတိပေးချက်အဆင့် ၃ အဖြစ် သတ်မှတ်ထားကြောင်း PVMBG က ပြောခဲ့သည်။

Agung မီးတောင်ထိပ်အနီးဝန်းကျင် ၄ ကီလိုမီတာအား အနီရောင်ဇုန်အဖြစ် သတ်မှတ်ထားပြီး ဒေသခံများ၊ တောင်တက်သမားများနှင့် ခရီးသွားဧည့်သည်များအား ဖြတ်သန်းသွားလာခွင့် တင်းကျပ်စွာတားမြစ်ထားကြောင်း သိရသည်။

အဆိုပါ Agung မီးတောင်သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလကလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လေကြောင်းခရီးစဉ်များအား ရက်ပေါင်းများစွာ ပိတ်ထားခဲ့ရဖူးသည်ဟု ဆိုသည်။ (Xinhua)