19
Wed, Jun
566 New Articles

တရုတ်နိုင်ငံနှင့် ကာဂျစ်စတန်နိုင်ငံတို့ ဆက်ဆံရေး အဆင့်မြှင့်တင်ရန် သဘောတူ

ကာဂျစ်စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ကာဂျစ်စတန်နိုင်ငံ သမ္မတ ဆူရွန်ဘေ ဂျင်ဘီကော့ဗ်က လေဆိပ်၌ ကြိုဆိုနေစဉ် (ဆင်ဟွာ) Asia

ဘစ်ရှ်ကက်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ကာဂျစ်စတန်နိုင်ငံ သမ္မတ ဆူရွန်ဘေ ဂျင်ဘီကော့ဗ် (Sooronbay Jeenbekov) တို့သည် ဇွန်လ ၁၃ ရက်တွင် ဘစ်ရှ်ကက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းတို့နိုင်ငံအသီးသီး၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေးအား မြင့်မားသော အဆင့်သစ်သို့ တက်လှမ်းရန် သဘောတူလိုက်ကြောင်း သိရသည်။

တရုတ် သမ္မတ ရှီသည် ချစ်ကြည်ရေးခရီးစဉ်နှင့် ၁၉ ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ကာဂျစ်စတန်နိုင်ငံသို့ ဇွန်လ ၁၂ ရက်က ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ (Xinhua)