22
Mon, Jul
550 New Articles

ဘုံလုံခြုံမှုအတွက် အာရှသွင်ပြင်လက္ခဏာများဖြင့် ဒေသတွင်း လုံခြုံရေး ဖွဲ့စည်းတည်ဆောက်မှုအတွက် သမ္မတ ရှီပြော

တာဂျစ်ကစ္စတန်နိုင်ငံ ဒူရှန်းဘီမြို့တွင် CICA အစည်းအဝေးအတွက် ပြင်ဆင်ထားပုံအား တွေ့ရစဉ် (ဆင်ဟွာ) Asia

ဒူရှန်းဘီ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ က အာရှနိုင်ငံများနှင့် ၎င်းတို့၏ မိတ်ဖက်နိုင်ငံများအား အများနှင့်ဆိုင်သော၊ ဘက်စုံပြည့်စုံသော၊ ပူးပေါင်းဆောင်ရွက်မှုရှိသော၊ ရေရှည်တည်တံ့မှုရှိသော လုံခြုံရေးအား စောင့်ထိန်းရန်နှင့် အာရှအတွက် စုပေါင်းလုံခြုံမှုအား နားလည်သဘောပေါက်ရန် အာရှသွင်ပြင်လက္ခဏာများဖြင့် ဒေသတွင်းလုံခြုံရေး ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုအား ဖော်ထုတ်ရန် ဇွန်လ ၁၅ ရက်က တိုက်တွန်းပြောကြားလိုက်သည်။

ရှီက တာဂျစ်ကစ္စတန်နိုင်ငံတွင် ကျင်းပသော Conference on Interaction and Confidence Building Measures in Asia (CICA) ပဉ္စမအကြိမ် မြောက် ထိပ်သီးအစည်းအဝေး၌ အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)