15
Fri, Nov
482 New Articles

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်တွင် ရေယာဉ်တိမ်းမှောက်မှုဖြစ်ပွား ၊ လူ ၁၇ ဦး သေဆုံး

အင်ဒိုနီးရှားတွင် ယခင်ကဖြစ်ပွားခဲ့သော ရေယာဉ်တိမ်းမှောက်မှု၌ ကူညီကယ်ဆယ်မှုများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ) Asia

ဂျာကာတာ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်တွင် ဇွန် ၁၇ ရက်က ရေယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ သေဆုံးသူ ၁၇ ဦးရှိပြီဖြစ်ကြောင်း ကယ်ဆယ်ရေးအရာရှိတစ်ဦးက ဇွန် ၁၈ ရက်တွင် ပြောကြားခဲ့ သည်။

လူ ၆၀ ခန့်တင်ဆောင်လာ အဆိုပါရေယာဉ်သည် ဇွန် ၁၇ ရက် ညနေက အရှေ့ဂျာဗားပြည်နယ် Maduraကျွန်းအနီးပင်လယ်ပြင်တွင် တိမ်းမှောက်ခဲ့ကြောင်း ၊လက်ရှိတွင် သေဆုံးသူရုပ်အလောင်း ၁၇ ခုကို ဆယ်ယူရရှိခဲ့ပြီး အခြား လူ ၃၉ ဦး ကို ကယ်ဆယ်ထားပြီဖြစ်ကြောင်း သိရသည်။ ယင်းပြည်နယ် ကယ်ဆယ်ရေးအရာရှိ Al-Amratက ဆိုသည်။

ကယ်ဆယ်ရေးဌာန၊ ရေတပ်တပ်ဖွဲ့ဝင်၊ စေတနာ့ဝန်ထမ်းများအပါအဝင် ဒါဇင်နှင့်ချီသော ပူးတွဲ ကယ်ဆယ်ရေးအဖွဲ့နှင့် အနီးတစ်ဝိုက်ရှိ ရေယာဉ်များက ကူညီကယ်ဆယ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ၊ သို့သော်လည်း ပင်လယ်လှိုင်းထန်သောကြောင့် ကယ်ဆယ်မှုလုပ်ငန်းများအခက်တွေ့ခဲ့ရကြောင်း Al-Amratက ဆိုသည်။

အချင်းဖြစ်ပွားသည့်အကြောင်းအရင်းကို အတိအကျမသိရသေးကြောင်း သိရသည်။ အင်ဒိုနီးရှားမီဒီယာများက ဝန်ပိုတင်ဆောင်ခြင်းနှင့် ရာသီဥတုဆိုးဝါးခြင်းကြောင့် တိမ်းမှောက်ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံသည့် ကျွန်းစုနိုင်ငံဖြစ်ရာ အများပြည်သူက ရေယာဉ်ကို အဓိကအားထားသွားလာနေရသော်လည်း လုံခြုံရေး စနစ်ကျမှုအားနည်းခြင်းများကြောင့် ရေယာဉ်တိမ်းမှောက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)