တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုမှ အကျိုးကျေးဇူးနှင့် ထိပ်တိုက်ရင်ဆိုင်မှုမှ ဆုံးရှုံမှုများသာ ရရှိနိုင်မည်ဟု သမ္မတ ရှီပြော

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံစဉ် (ဆင်ဟွာ) Asia

အိုဆာကာ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံလုံးသည် ပူးပေါင်းဆောင်ရွက်မှုမှ အကျိုးကျေးဇူးနှင့် ထိပ်တိုက်ရင်ဆိုင်မှုမှ ဆုံးရှုံးမှုများ ရရှိနိုင်သည်ဟူသော အခြေခံအချက်မှာ  နိုင်ငံတကာအနေအထား ပြောင်းလဲမှုများရှိသော်လည်း မပြောင်းလဲဘဲ တည်ရှိကြောင်း ဇွန်လ ၂၉ ရက်တွင် ပြောကြားလိုက်သည်။

ရှီက အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ဂျပန်နိုင်ငံ၏ အဓိက စီးပွားရေးမြို့ဖြစ်သော အိုဆာကာမြို့တွင် ပြုလုပ်သည့် G20 ထိပ်သီးအစည်းအဝေးပြုလုပ်စဉ် တွေ့ဆုံကြပြီး အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ (Xinhua)