18
Fri, Oct
578 New Articles

ဂျပန်နိုင်ငံ၌ အများပြည်သူသွားလာအသုံးပြုသော အခန်းများအတွင်း ဆေးလိပ်သောက်ခွင့် ပိတ်ပင် တားမြစ်

ဂျပန်နိုင်ငံ၌ ဆေးလိပ်သောက်ခန်းတစ်ခုအတွင်း ဆေးလိပ်သောက်သုံးနေသူများအားတွေ့ ရစဉ်(ဆင်ဟွာ) Asia

တိုကျို ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ၌ အများပြည်သူသွားလာအသုံးပြုနေသော အဆောက်အဦ အခန်းများအတွင်း ဆေးလိပ်သောက်သုံးခြင်းကို ပိတ်ပင်တားမြစ်သည့် ဥပဒေတစ်ရပ်ကို ယနေ့ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ထိုသို့ဆေးလိပ်သောက်ခွင့်ပိတ်ပင်လိုက်ခြင်းမှာ ဆေးလိပ် သောက်သုံးသူတစ်ဦးတစ်ယောက်ထံမှ ထွက်ရှိလာသော ဆေးလိပ်မီးခိုးများ အနီးအနားရှိ အခြားသူတစ်ဦးတစ်ယောက်အပေါ် သက်ရောက်ထိခိုက်မှု လျော့ပါးစေရေးအတွက် ဖြစ်ကြောင်း သိရသည်။

ဆေးလိပ်သောက်ခွင့်ပိတ်ပင်လိုက်သော နေရာများတွင် စာသင်ကျောင်းများ ၊ ဆေးရုံများ နှင့် ဗဟိုအစိုးရ နှင့် ပြည်နယ်အစိုးရများ၏ ရုံးအဆောက်အအုံများလည်း ပါဝင်သည်။ ယင်းနေရာများ၏ အဆောက်အဦပြင်ပ၌ ဆေးလိပ်သောက်ရန် သီးသန့်နေရာများသတ်မှတ်ခြင်း နှင့် အဆောက်အဦအတွင်း ဆေးလိပ်သောက်ခွင့်မပြုကြောင်း တားမြစ်ဆိုင်းဘုတ်များ တပ်ဆင်ခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်သည်။

ဂျပန်နိုင်ငံ၌ ဆေးလိပ်သောက်ခွင့် ကန့်သတ်တားမြစ်သည့် ဆိုင်းဘုတ်များ တပ်ဆင်ထားပုံ(ဆင်ဟွာ)

ဂျပန်နိုင်ငံ၌ ဆေးလိပ်သောက်ခွင့် ကန့်သတ်တားမြစ်သည့် ဆိုင်းဘုတ်များ တပ်ဆင်ထားပုံ(ဆင်ဟွာ)

ယင်းအများပြည်သူနေရာများ၌ စည်းမျဉ်းဥပဒေသစ်များကို ချိုးဖောက်၍ ဆေးလိပ်သောက်သုံးသော သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဒဏ်ကြေးငွေ ဂျပန်ယန်း ၅ဝဝ,ဝဝဝ(အမေရိကန်ဒေါ်လာ ၄,၆ဝဝ) ပေးဆောင်ရမည်ဖြစ်သည်။

အလားတူ အများပြည်သူများအနေဖြင့် တားမြစ်ချက်ကိုဖောက်ဖျက်၍ ယင်းကန့်သတ်နေရာများ၌ ဆေးလိပ်သောက်သုံးပါက ဒဏ်ကြေးငွေ ဂျပန်ယန်း ၃ဝဝ,ဝဝဝ (အမေရိကန်ဒေါ်လာ ၂,၇ဝဝ) ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံသည် လာမည့် နှစ် ဧပြီ ၁ ရက် မှစတင်ကာ စားသောက်ဆိုင်များ နှင့် စီးပွားရေးလုပ်ကိုင်သော နေရာများတွင် ဆေးလိပ်သောက်ခွင့်ကို ပိတ်ပင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။(Xinhua)