ကမ္ဘောဒီးယားနိုင်ငံအတွင်းသို့ဒေါ်လာငွေ အများအပြား သယ်ဆောင်လာမှုဖြင့် တောင်ကိုရီးယားနိုင်ငံသား ၂ ဦးအဖမ်းခံရ

ဒေါ်လာငွေ အများအပြား သယ်ဆောင်မှုဖြင့် အဖမ်းခံရသော တောင်ကိုရီးယားနိုင်ငံသားနှစ်ဦး( အလယ်လူ) အား ကမ္ဘောဒီးယားရဲတပ်ဖွဲ့ ဝင်များ နှင့်အတူ တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်) Asia

ဖနွမ်းပင် ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ အာဏာပိုင်များက နိုင်ငံအတွင်းသို့ခွင့်ပြုချက် အထောက်အထားမဲ့ အမေရိကန်ဒေါ်လာငွေ ၂.၂ သန်း ယူဆောင်လာမှုဖြင့် တောင်ကိုရီးယားနိုင်ငံသား ၂ ဦးကို ဖမ်းဆီးလိုက်ကြောင်း ကမ္ဘောဒီးယားအမျိုးသားရဲတပ်ဖွဲ့က ဇူလိုင် ၈ ရက်တွင် ပြောကြားခဲ့သည်။

သံသယ တရားခံ ၂ ဦးကို ကမ္ဘောဒီးယားလူဝင်မှုကြီးကြပ်ရေးအရာရှိများက ဆီယံရိစ်(Siem Reap) နိုင်ငံတကာလေဆိပ်၌ ဇူလိုင် ၇ ရက်တွင်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တောင်ကိုရီးယားနိုင်ငံသား နှစ်ဦးမှာ ကမ္ဘောဒီးယားနိုင်ငံ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး နှင့် အကြမ်းဖက်မှု ငွေကြေးထောက်ပံ့ခြင်း နှိမ်နှင်းရေး ဆိုင်ရာ ဥပဒေဖြင့် တရားစွဲဆိုခံရမည်ဖြစ်ကြောင်း သိရသည်။(Xinhua)