20
Tue, Aug
533 New Articles

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ ကုန်သွယ်ရေးညှိနှိုင်းမှုအကြီးအကဲများက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြား

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျူဟဲ (လယ်) အား အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin (ဝဲ)၊ အမေရိကန်နိုင်ငံ ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ် လိုက်သီဇာ (ယာ) တို့နှင့်အတူ ဖေဖော်ဝါရီလက တွေ့ရစဉ် (ဆင်ဟွာ) Asia

ပေကျင်း၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျူဟဲက အမေရိကန်နိုင်ငံ ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ် လိုက်သီဇာ (Robert Lighthizer) နှင့် ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin တို့နှင့် ဇူလိုင်လ ၁၈ ရက်ညပိုင်းက တယ်လီဖုန်းပြောခဲ့ကြောင်း စီးပွားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် တရုတ်-အမေရိကန်ဘက်စုံစီးပွားရေး ဆွေးနွေးမှု တရုတ်နိုင်ငံဆိုင်ရာအကြီးအကဲက အမေရိကန် တာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံ အိုဆာကာမြို့ G20 ထိပ်သီးအစည်းအဝေးအတွင်း နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီချက်အား အကောင်အထည်ဖော်ရေး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၎င်းတို့သည် နောက်တစ်ဆင့်ညှိနှိုင်းမှုများအား ဆွေးနွေးခဲ့ကြောင်း MOC က အွန်လိုင်းကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ စီးပွားရေးဝန်ကြီး ကျုံးရှန်လည်း အဆိုပါ ဖုန်းပြောဆိုမှုတွင် ပါဝင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)