16
Mon, Sep
496 New Articles

အိန္ဒိယ နိုင်ငံ၌ ကုန်သေတ္တာတင်ယာဉ် နှင့် ဘတ်စ်ကား တိုက်မိမှုကြောင့် လူ ၁၃ ဦး သေဆုံး ၊ ၂၀ ဦး ဒဏ်ရာ ရရှိ

အိန္ဒိယ နိုင်ငံ၌ ၂၀၁၈ ခုနှစ် စက်တင်ဘာလ အတွင်း ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ) Asia

မွန်ဘိုင်း ၊ သြဂုတ် ၁၉ ရက်(ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ ၊ မွန်ဘိုင်းမြို့ မှ ၃၉၁ ကီလိုမီတာ ကွာဝေးသော နိုင်ငံ အနောက်ပိုင်း မဟာရပ်ရှ (Maharashtra) ပြည်နယ် ၊ Nimgul ဒေသတွင် သြဂုတ် ၁၈ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီခွဲတွင် ပြည်နယ် သယ်ယူပို့ ဆောင်ရေး ဘတ်စ်ကား တစ်စီး နှင့် ကုန်သေတ္တာတင်ယာဉ် တစ်စီးတို့ တိုက်မိမှု ဖြစ်ပွားခဲ့ရာ လူ ၁၃ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲအရာရှိထံမှ သိရသည်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာ ရရှိသူများကို ဆေးရုံသို့ ပို့ ဆောင်ထားပြီး ၄င်းတို့ အနက် ၁၁ ဦးမှာ စိုးရိမ်ရသည့် အခြေ အနေ တွင် ရှိနေကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် ကုန်သေတ္တာတင်ယာဉ် နှင့် ဘတ်စ်ကားတို့ သည် ခေါင်းချင်းဆိုင် တိုက်မိခဲ့ခြင်းကြောင့် ယာဉ်နှစ်စီးလုံးမှ ယာဉ်မောင်း ၂ ဦးစလုံးမှာ သေဆုံးသွားခဲ့ကြောင်း ဒေသခံ ရဲအရာရှိက ပြောကြားခဲ့သည်။

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ဘတ်စ်ကားပေါ်တွင် ခရီးသည် ၄၅ ဦး လိုက်ပါလာခဲ့ပြီး မဟာရပ်ရှ ပြည်နယ်ရှိ Shahada မြို့ မှ Aurangabad မြို့ သို့ သွားရောက်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှု ဖြစ်စဉ်အား ရဲတပ်ဖွဲ့ က အမှုဖွင့်ထားပြီး ရုပ်အလောင်းများအား ရင်ခွဲရုံသို့  ပို့ ဆောင် ထားကြောင်း သိရသည်။(Xinhua)