20
Fri, Sep
525 New Articles

ဘန်ကောက်မြို့ ၌ ယာဉ်ကြောပိတ်ဆို့ မှု နှင့် လေထုညစ်ညမ်းမှုကို လျော့ချရန် ကားအသုံးမပြုရေးနေ့ သတ်မှတ်ရန်ရှိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လယ်၌ ညပိုင်း ယာဉ်ကြောပိတ်ဆို့ မှု မြင်ကွင်းတစ်ခုကို တွေ့ ရစဉ် (ဆင်ဟွာ) Asia

ဘန်ကောက် ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တော်စီမံခန့် ခွဲမှုအဖွဲ့ (BMA) က ယာဉ်ကြောပိတ်ဆို့ မှု နှင့် လေထုညစ်ညမ်းမှု လျော့ချရေး နှင့် စွမ်းအင်ချွေတာရေးအတွက် လာမည့် စက်တင်ဘာ ၂၂ ရက်ကို ဘန်ကောက်မြို့ ၏ ကားအသုံးမပြုရေးနေ့ အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဘန်ကောက်မြို့ တော် ဒုတိယအုပ်ချုပ်ရေးမှူး Sakoltee Phattiyakul က စက်တင်ဘာ ၁၁ ရက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဘန်ကောက်မြို့ ကားမသုံးစွဲရေးနေ့ သည် ကမ္ဘာ့ ကားမသုံးစွဲရေးနေ့ နှင့် တစ်ရက်တည်း တိုက်ဆိုင်စွာ ထပ်တူကျ လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကားအသုံးမပြုရေးနေ့ တွင် ကမ္ဘာ့ နိုင်ငံပေါင်းများစွာ၌ ၄င်းတို့ ၏ ကားများကို အနားပေးရန် သုံးစွဲခြင်းမပြုဘဲ ယင်းအစား အများပြည်သူသုံး သယ်ယူပို့ ဆောင်ရေးယာဉ်များဖြင့်သာ သွားလာကြကြောင်း Sakoltee က ဆိုသည်။

ဘန်ကောက်မြို့ ၌ ယာဉ်ကြောပိတ်ဆို့ မှုပြဿနာများစွာ ကြုံတွေ့ နေရသဖြင့် ဘန်ကောက်မြို့ တော် စီမံခန့် ခွဲမှုအဖွဲ့ (BMA) က ကားမသုံးစွဲရေးနေ့ ကို မဖြစ်မနေ သတ်မှတ်ရန်လိုအပ်ကြောင်း ၄င်းက ဆိုသည်။

“ ဘန်ကောက်မြို့ တော်မှာ မော်တော်ယာဉ်တွေ သိပ်ကို များပြားလွန်းနေတဲ့အတွက် မြို့ တော်စီမံခန့် ခွဲမှုအဖွဲ့ က ယာဉ်ကြောရှင်းလင်းရေး နဲ့ သယ်ယူပို့ ဆောင်ရေး အစီအစဉ်ကို ရေးဆွဲခဲ့ပါတယ်။ ဒါပေမယ့် လမ်းပေါ်မှာ ကားတွေနဲ့ ပြည့်နှက်နေတုန်းပါပဲ” ဟု Sakoltee က ဆက်လက်ပြောကြားခဲ့သည်။

၎င်းက ကမ္ဘာ့ မြို့ ကြီးများတွင် သယ်ယူပို့ ဆောင်ရေးစနစ်သည် ဖွံ့ ဖြိုးတိုးတက်လျက်ရှိကြောင်း နှင့် ယာဉ်ကြောပိတ်ဆို့ မှုအခက်အခဲများကို အောင်မြင်စွာ ဖြေရှင်းခဲ့ကြောင်း ဆိုသည်။

ဘန်ကောက်မြို့ တွင်နေထိုင်သူများအနေဖြင့် ကိုယ်ပိုင်ကားအသုံးပြုခြင်းထက် အများပြည်သူသုံး ပို့ ဆောင်ရေးစနစ်များ( ဘတ်စ်ကား+ရထား) ကို ပိုမိုသုံးစွဲရန် တိုက်တွန်းထားပြီး ဘန်ကောက်မြို့ တော်စီမံခန့် ခွဲမှုအဖွဲ့ အနေဖြင့် ပြည်သူများ စက်ဘီးစီးနင်း၍ သွားလာခြင်းကို  တွန်းအားပေးလျက်ရှိကြောင်း သိရသည်။

ဘန်ကောက်ကားအသုံးမပြုရေးနေ့ လှုပ်ရှားမှုမှတစ်ဆင့် ကိုယ်ပိုင်ကားအသုံးပြုသူများအနေဖြင့် လောင်စာဆီချွေတာရေးအတွက် ၄င်းတို့ ၏ သွားလာမှုပုံစံကို ပြောင်းလဲပစ်ရန် နှင့် ကမ္ဘာကြီးပူနွေးလာခြင်း အကျိုးသက်ရောက်မှုကို လျော့ချရန်မျှော်လင့်ကြောင်း BMA ဆိုသည်။ (Xinhua)